ရန်ကုန်မှာ မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်နဲ့ဖမ်းဆီးနေ
...
.
မေလ ၁ရက်မှ မေလ ၇ ရက်အထိ မူးယစ်ဆေးဝါးအမှုမျိုးစုံ ၅၀ ဖမ်းဆီးထားနိုင်တယ်လို့လည်း သိရပါတယ်။
ယခုလနဲ့ ရှေ့လအတွင်း ရန်ကုန်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းဖို့ စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ သတင်းရရှိပါတယ်။
ဒဂုံစစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စီမံချက်နဲ့ မေလ ၁ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ ဖမ်းဆီးမယ့်အကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ခွဲ - ၃ မှ အရာရှိတစ်ဦးက 7Day Daily ကို
အတည်ပြုပေးခဲ့ပါတယ်။ ၄၅ ရက်ကြာ ပြုလုပ်မယ့် စစ်ဆင်ရေးမှာ အောက်မြန်မာပြည် မူးယစ်ရဲတပ်ဖွဲ့စုက အင်အား ၆၀ နဲ့ တွဲပြီးဆောင်ရွက်နေတယ်လို့လည်း ဆက်လက်ပြောကြားသွားပါတယ်။
ဒဂုံစစ်ဆင်ရေးစီမံချက် စတင်တဲ့ မေလ ၁ရက်မှ မေလ ၇ ရက်အထိ မူးယစ်ဆေးဝါးအမှုမျိုးစုံ ၅၀ ဖမ်းဆီးထားနိုင်တယ်လို့လည်း သိရပါတယ်။
Source & Photo : 7Day Daily

0 comments:
Post a Comment