Friday, 20 May 2016

ကလေးစစ်သားအဖြစ် စုဆောင်းခံရသည့် သားဖြစ်သူကို ပြန်လွှတ်ပေးရန် ဖခင်တောင်းဆို


By DVB 20 May 2016
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ တောင်ပုတ်ကေကျေးရွာမှ အသက်မပြည့်သေးတဲ့ ကလေးငယ်တဦးအား ကလေးစစ်သားအဖြစ် အဓမ္မခေါ်ဆောင်သွားတာကို ပြန်လွှတ်ပေးဖို့ မိဘတွေက တောင်းဆိုလိုက်ပါတယ်။
အခုလက်ရှိ အသက် ၁၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မောင်အောင်သန်းစိုးကို ပြီးခဲ့တဲ့ ၂၀၁၅- ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က အမည်မသိလူတဦးနဲ့ စစ်သားနှစ်ဦးက အလုပ်ကိုင်အတွက် ၁ လ ၁ သိန်းရမယ်လို့ဆိုပြီး ခေါ်ဆောင်သွားခဲ့တာလို့ ဖခင်ဖြစ်သူ ဖခင်ဖြစ်သူ ဦးမောင်စိန်အောင်က ပြောပါတယ်။
“အလုပ်သွားတဲ့တနေ့မှာ အသက် ၅၂ လောက်ရှိတဲ့ လူကြီးတစ်ယောက်က လမ်းက ဖြားယောင်းပြီး လိမ်ပြီးခေါ်ယူသွားပါတယ်။ ခေါ်ယူသွားတဲ့အချိန်အခါမှာ သူ့ကိုဖမ်းတော့ အဲ့ဒီအချိန်မှာ အဖေအမေတို့ဆီကို ဖုန်းဆက်ပါတယ်။ ငိုယိုပြီး ဖုန်းဆက်လာပါတယ်။ သားဒီနေ့ ပြန်လို့မရတော့ဘူး။ အဖေသားအလုပ်ရပြီ။ အဖေအမေသားကိုစိတ်မပူပါနဲ့တော့။ အဲ့ဒီအချိန်ကစပြီး ကျနော်တို့မှာသားအတွက် စိတ်ပူပြီး လိုက်ရှာနေခဲ့ရပါတယ်။ ၁၂ လပိုင်း ၁ ရက်နေ့ (၂၀၁၅ ခုနှစ်) ကတည်းက ပျောက်သွားတာ။”
ဒီနောက် ဒီနောက်ပိုင်း ၂၀၁၅ ခုနှစ် ၁၂ လပိုင်း ၁၀ ရက်နေ့အထိ သားဖြစ်သူကို အဆက်သွယ်မရတာကြောင့် ရဲစခန်းမှာ သွားပြီး အမှုဖွင့်တိုင်းတန်းခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ် ၃ လပိုင်း ၁၀ ရက်နေ့မှာတော့ ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ၇- မိုင် စစ်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်သားအဖြစ် စုဆာင်းခံထားရကြောင်း သားဖြစ်သူက ဖုန်းဆက်လာတာကြောင့် သိခဲ့ရတာလို့ ဖခင်ဖြစ်သူက ပြောပါတယ်။
“သားလေးဆီက ဖုန်းလာတဲ့နောက်ပိုင်းမှာ သားလေးဆီကိုလိုက်သွားပါတယ်။ အဲ့ဒီအချိန်မှာ စစ်တပ်ထံ သားလေးကို တွေ့ချင်ပါတယ်ဆိုပြီး တောင်းဆိုပါတယ်။ အဲ့ဒီအချိန်မှာ ဗိုလ်ကြီးကျော်မိုးက ခင်ဗျားသားနဲ့တွေရင်ဘာလုပ်မှာလဲလို့ မေးပါတယ်။ အဲ့ဒီအခါကျနော်က သားနဲ့တွေရင့် ကိုယ်သားကို ပြန်ခေါ်သွားမယ်လို့ပြောပါတယ်။ ဗိုလ်ကြီးကျော်မိုးက သားနဲ့တွေခွင့်မပေးနိုင်ဘူး။ ခင်ဗျားပြန်တော့လို့ပြောပါတယ်။ အဲ့ဒီအချိန်ကျနော်ငိုယိုပြီးတော့ ပြန်လာရပါတယ်” လို့ ဦးမောင်စိန်အောင်က ပြောပါတယ်။
မောင်အောင်သန်းစိုး ပြန်လည်လွတ်မြောက်ဖို့ ကူညီပေးနေတဲ့ ရက္ခမဏ္ဍလကျောင်းတိုက်မှ ဆရာတော်ဦးမဏ္ဍလက “ဦးဇင်းဘက်က စာရွက်စာတမ်းတွေအပြည်အစုံနဲ့ တင်ပြပေးနိုင်ရန် ကလေးကို ပြန်ထုတ်ပေးမေးမယ်လို့ ပြောတယ်။ ဦးဇင်းတို့ဘက်၊ စာရွက်စာတမ်းနဲ့အပြည့်အစုံနဲ့ သွားတင်ပြတဲ့အခါ ထုတ်မပေးတော့ဘူး။ သွားတာသုံးခါရှိပြီ။ ဒီတခါသွားတော့ သူတို့ပြောတယ်။ အထက်ကိုတင်ပြရမယ်လို့ ပြောပြန်တယ်။ ဦးဇင်းတို့က အဲ့ဒီဗိုလ်မှူးကျော်မိုးကို ဘယ်လောက်စောင့်ရမလဲလို့ မေးလိုက်တယ်။ ၂၆ ရက် ၄ လပိုင်းနေ့ (၂၀၁၆ ခုနှစ်) နောက်ဆုံးထားပြီး ကလေးကို ပြန်ပို့ပေးမယ်လို့ပြောတယ်။ အခုအချိန်ထိ ဘာမှထူးမလာဘူး” လို့ ပြောပါတယ်။
အခုကိစ္စနဲ့ပတ်သက်လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ကို တိုင်းတန်းခဲ့ပေမယ့် ထူးခြားမှုတစုံတရာမရှိဘူးလို့ ဦးဇင်းက မိန့်ပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရတပ်ကရော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေမှာပါ ကလေးစစ်သား အသုံးပြုမှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက အစဉ်တစိုက် ဝေဖန်ပြောကြားနေတာပါ။
မြန်မာနိုင်ငံဟာ ကလေးစစ်သား အသုံးမပြုဖို့ ကုလသမဂ္ဂနဲ့ ၂၀၁၂ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီးနောက် လက်ရှိအချိန်ထိ အရွယ်မရောက်သေးတဲ့ ကလေးစစ်သည် ၈၀၀ နီးပါးကို တပ်မတော်ကနေ နုတ်ထွက်ခွင့်ပေးခဲ့ပြီးဖြစ်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ – ဝဏ္ဏခွာညို

....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate