Friday, 20 May 2016

ပြည်သူကို စောင့်ရှောက်သောအစိုးရဖြစ်စေချင်


ယခုဆိုရင် အများပြည်သူက ရွေးချယ်ပေးထားသော အစိုးရလို့ ခံယူထားတဲ့ ဒုတိယသက်တမ်း NLD အစိုးရဟာ ရက် ၁၀၀ စီမံချက်ဆိုတဲ့ခေါင်းစဉ်နဲ့ အလုပ်လုပ်နေတယ်ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။ နိုင်ငံတော်ရဲ့ တာဝန်ကို စတင်ထမ်းဆောင်ခွင့်ရသည့် နေ့မှစပြီး အင်တိုက်အားတိုက် နေ့မအား၊ ညမနား အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်မယ်ဆိုပြီး ပြောထားတာလည်း ရှိပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ မှာတော့ ခုချိန်ထိ ရလဒ်ကောင်း၊ အခြေအနေကောင်းတွေ တစ်ခုမှဖြစ်မလာသေးတာ အားလုံးအသိပင် ဖြစ်ပါတယ်။ ယုံကြည် စိတ်ချစွာ ပုံအပ်ထားသော ပြည်သူတွေရဲ့ အားကိုးမှုကို ထိုက်တန်တဲ့ ပေးဆပ်မှုများနဲ့ ပြန်လည်တုံ့ပြန် အကျိုး ပြုမယ်ဆိုပြီး အသံလွှင့်ထားပေမယ့်လည်း ဆန္ဒပြမှုတွေ၊ ရိုဟင်ဂျာအရေးတွေကိုတောင် ဖြေရှင်းဖို့ နှုတ်ဆိတ် နေကြပါတယ်။ အစိုးရအဖွဲ့ဝင်တွေဟာ မိမိရဲ့ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကိုယ်တာဝန်ယူထားတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းရမယ့်အစား ဒေါ်စုရဲ့ ဆုံးဖြတ်ချက်တွေကို စောင့်ဆိုင်း နေရတဲ့အတွက် ဖြေရှင်းမှုတွေ တုံ့နှေးနေရပါတယ်။ ဒါ့အပြင် NLD အစိုးရအဖွဲ့ဝင်တွေဟာ လွှတ်တော်အတွင်း အရေးမပါတဲ့ အကြောင်း အရာတွေကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ဆွေးနွေးသလို၊ ၀န်ကြီးကလည်း မလိုအပ်သေးတဲ့ ခွေးနှိမ်နင်းမှု စစ်ဆင်းရေးတွေကို လုပ်နေတာတွေ့ရပါတယ်။ ပြည်သူတွေရဲ့ လတ်တလောဖြစ်ပေါ်နေတဲ့ သဘာဝဘေးဒုက္ခ နဲ့ မီးမလာ၊ ရေရှားပြဿနာတွေကိုတော့ အခုထိ ဖြေရှင်းနိုင်မှုမရှိဘဲ ဆင်ခြေ အမျိုးမျိုးပေးနေတာကို တွေ့ရပါ တယ်။

အမျိုးဘာသာ၊ သာသနာအတွက် ဆန္ဒပြမှုတွေကိုလည်း ဘာသာရေးအမုန်းစကားဖြန့်ဝေသူများကို အရေး ယူမည့် ဥပဒေတစ်ရပ်ရေးဆွဲမယ်ဆိုပြီးတော့ အာဏာသုံး ထုတ်ပြန်လိုက်တာကိုလည်း တွေ့ရပါတယ်။ NLD အစိုးရအဖွဲ့ဝင်တွေက မိမိအစိုးရမဖြစ်သေးခင်ကာလတုန်းကတော့ ဆန္ဒတွေ ပြခိုင်းလိုက်၊ လူရမ်းကား လူမိုက် တွေကို ငွေပေးပြီး အရပ်ထဲမှာ ဆိုးမိုက်ခိုင်းလိုက်၊ အရပ်တကာလှည့် မီးရှို့ခိုင်းလိုက်၊ ဘာသာရေးနဲ့ လှည့်တိုက် လိုက်၊ လူမျိုးရေးနဲ့လှည့်တိုက်လိုက်၊ ဝါဒမျိုးစုံလွှင့်ပြီး တစ်မျိုးနဲ့တစ်မျိုး မရိုးအောင်ကို သမ္မတ ဦးသိန်းစိန်အစိုးရ ယန္တရားပျက်အောင် လှည့်ပတ်တိုက်ခဲ့ကြပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရဟာ တိုင်းပြည်အတွက် ရေရှည် ကောင်းမွန်စေမယ့် ဥပဒေစနစ်တွေကိုရေးဆွဲရင်း မကောင်းတဲ့ဥပဒေစနစ်တွေကို ဖျက်သိမ်းဖို့အတွက် လုံးပန်း နေရတာကတစ်ဖက်၊ မတည်မငြိမ်ဖြစ်နေကြတဲ့ လက်နှက်ကိုင်အဖွဲ့စည်းတွေအကြား ငြိမ်းချမ်းရေးဖော်ဆောင် ရမည့် ကိစ္စတွေကလည်း တစ်ဖက်၊ ကိုယ့်ပြည်သူတွေ ကောင်းတဲ့အသီးအပွင့်တွေ မြန်မြန်ဆန်ဆန် ခံစားစေ နိုင်ဖို့အတွက် ဆောင်ရွက်နေရတာက တစ်ဖက် စတဲ့ဒီလောက်များပြားတဲ့အရေးကိစ္စတွေကို ဆောင်ရွက်နေတဲ့ ကြားက NLD ပါတီရဲ့ အဖျက်အမှောက်၊ အတိုက်အခံတွေကိုလည်း တစ်ဖက်ကလိုက်ပြီး ဖြေရှင်းနေရ တဲ့အတွက် ရှေ့ဆက်လျှောက်မယ့် လမ်းကြောင်းဟာ အများကြီး နှောင့်နှေးကြန့်ကြာခဲ့ပါတယ်။

အခု NLD အစိုးရကတော့ အနှောင့်အယှက်ကင်းကင်းနဲ့ တိုင်းပြည်အတွက်ပဲ ဦးတည်လုပ်ကိုင်နိုင်တဲ့ အခွင့် အရေးတွေ ရရှိနေတာတောင် မျှော်မှန်းသလောက်ဖြစ်မလာပါဘူး။ အမျိုးသားရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် စေဖို့ အရေးကိစ္စမှာ အစိုးရရဲ့လုပ်ဆောင်မှုတစ်ခုတည်းကိုပဲ ပြည်သူတွေအနေနဲ့ အားကိုးနေလို့မရတော့ပါဘူး။ အများပြည်သူကပါ တကယ်ပူးပေါင်းပါဝင်မှ ဖြစ်တော့မယ့် အနေထားပါ။ NLD အစိုးရတက်လာပြီး နောက်ပိုင်း အခု လတ်တလော ဖြစ်လာခဲ့သမျှ လူမျိုးရေး၊ ဘာသာရေး ဆန္ဒပြမှုတွေဟာလည်း အစိုးရကို တိုက်ခိုက်နေတာ မဟုတ်ဘဲ နိုင်ငံရေးအသိစိတ်ဓာတ်အပြည့်အ၀နဲ့ လူကြီး၊ လူငယ်၊ လူရွယ်နဲ့ ဘုန်းကြီးတွေဟာ ဝိုင်းဝန်းဖြေရှင်း ပေးနေကြတာကို နားလည်သဘောပေါက်သင့်ပါတယ်။ ဒါဟာ နိုင်ငံ့အတွက်ကော အစိုးရအတွက်ပါ အများကြီး အထောက်အကူဖြစ်စေပါတယ်။ ပြည်သူတွေထဲမှာကိုပဲ နိုင်ငံရေးအတွေး အခေါ်မြင့်မားတဲ့သူတွေ၊ အကြောင်း အရင်းတစ်ခုကို အခြေအမြစ်ကျကျ မှန်ကန်စွာ သုံးသပ်နိုင်သူတွေ၊ တိတိကျကျ သီတင်းအချက်အလက် ထောက်လှမ်းနိုင်သူတွေ အတော်များများ ရှိနေကြပါတယ်။ သူတို့တွေက နိုင်ငံရေးစိတ်ဓာတ် ပြည့်ဝစွာဖြင့် ရှေ့ကနေဦးဆောင်ကြပြီး ကောင်းမွန်တဲ့ အနာဂတ်အတွက် ဖန်တီးနေမှုများကို မိမိတုန်းကလုပ်ခဲ့သလို ပြန်ခံ ရတော့မယ်ဆိုတဲ့ အတွေးဆိုးတွေနဲ့ ကြောက်လန့်မနေသင့်ပါဘူး။ ဒီလိုအခြေနေ၊ ဒီလိုစိတ်ဓာတ်တွေကိုလည်း မထားသင့်တော့ပါဘူး။ ဒါပေမယ့် မိမိလုပ်ခဲ့တဲ့ မကောင်းမှုကတော့ မိမိကို ပြန်အကျိုးပေးမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူက ခုလိုတစ်ဖက်တစ်လမ်းကနေ ပူးပေါင်းနေတဲ့အချိန်မှာ အစိုးရအဖွဲ့အစည်း ဘက်ကလည်း လုပ်စရာရှိတဲ့ အလုပ်တွေကို အကောင်းဆုံးလုပ်ပြဖို့ပဲ လိုပါတယ်။ အဲလိုမဟုတ်ဘဲ မိမိတုန်းက လုပ်ခဲ့တဲ့ အခြေ အနေတွေနဲ့ နှိုင်းယှဉ်ပြီး ပြည်သူက ဘာလုပ်လုပ် အမျိုးသားအရေး၊ နိုင်ငံ့အရေးလို့ မမြင်ဘဲ အဆိုးမြင်နေရင် တော့ ပြည်သူကို စောင့်ရှောက်သော၊ ပြည်သူလိုချင်သော အစိုးရဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ဧကန်မုချပါပဲ။

တင်ထွန်းအောင်


....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate