Wednesday, 11 May 2016

ရခိုင်စစ်ဘေးရှောင်များကို ပြည်နယ်အစိုးရအဖွဲ့မှ အမြန်ဆုံး အကူအညီပေးရေး လွှတ်တော်မှ ဆုံးဖြတ်

..
နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကို ဦးမောင်မောင်နှင့်အတူ တွေ့ရစဉ် (ကျော်မင်း/မဇ္ဈိမ)
 မေ ၁၁ ရက် ။              ။ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြရသော စစ်ဘေးရှောင်ဒုက္ခသည်များအား ရခိုင်ပြည်နယ်အစိုးရအနေဖြင့် အမြန်ဆုံး အကူအညီပေးရေး အတွက် ယနေ့ (မေ ၁၁ရက်)က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး တတိယနေ့တွင် အတည်ပြု ဆုံးဖြတ်လိုက်ကြောင်းသိရသည်။
စစ်ဘေးရှောင်များမှာ တောင်ယာနှင့် တခြားစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကခြေခံကာ လုပ်ကိုင်စားသောက်နေကြရသူများဖြစ်သဖြင့် ယခုကဲ့သို့ စိုက်ပျိုးလုပ်ကိုင်ကြရမည့်ချိန်တွင် နေရပ်စွန့်ခွာ လာခဲ့ရပြီး နေရပ်သို့ပြန်လည်သွားရောက်ရန် အဆင်မပြေသည့်အတွက် ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ယင်းဒုက္ခသည်များ၏ စားဝတ်နေရေး အခက်အခဲများကို ဖြေရှင်းပေးရန် ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ကျော်လွင်က မေလ ၉ ရက်နေ့က အရေးကြီးအဆိုကို တင်သွင်းခဲ့ပြီး ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ပြီး ယနေ့တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ AA
နဲ့ မြန်မာတပ်မတော်တို့ ထိတွေ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကြောက်ရွံပြီး ထွက်ပြေးလာကြတဲ့ သူတွေဖြစ်တယ်။ သူတို့ဟာ အလုပ်လက်မဲ့တွေဖြစ်နေကြတယ်။ နေရပ်ကို မပြန်နိုင်သေးဘူး။ မိုးတွင်းမှာ သူတို့နေဖို့အတွက် လိုအပ်တာတွေကို လုပ်ပေးဖို့လိုနေပြီဖြစ်တယ်။ ဆန်အိတ်လေး နည်းနည်းပါးပါးနဲ့ ခေါက်ဆွဲခြောက်တွေ သွားပေးနေရုံနဲ့ မလုံလောက်ဘူး။ ဒါကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ လိုအပ်တဲ့အထောက်ပံ့ ကူညီရေးတွေကို လုပ်ပေးဖို့ လိုအပ်လာပြီ။ ပြီးတော့ သူတို့ရဲ့ကျန်းမာရေး၊ ပညာရေ၊ စားဝတ်နေရေးစတဲ့ လူမှုဘဝ အထောက်အကူတွေကို ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီအဆိုကို ထောက်ခံဆွေးနွေးရခြင်းဖြစ်ပါတယ်။”ဟု စစ်တွေမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၂၆၀၀ ကျော် အထိရှိလာနေပြီဖြစ် ဖြစ်သည်။
“အစိုးရအဖွဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက လက်ရှိအခြေအနေမှာ ပုံမှန်အတိုင်းဖြစ်သွားပါပြီ။ နေရပ်ကို ပြန်ပို့တော့မှာပါလို့ ပြောသွားခဲ့တယ်။ ဒါတွေဟာ လုံးဝမဖြစ်နိုင်ဘူး။ အခုနေရပ်ကို ပြန်ပို့လိုက်တဲ့အချိန်မှာ သူတို့တွေ ထားခဲ့ကြတဲ့ ဆန်ရိက္ခာတွေရှိနေဦးမယ်လို့ မပြောနိုင်ဘူး။ နောက်တစ်ခုက စစ်ပွဲတွေဖြစ်ခဲ့တဲ့နေရာတွေဖြစ်တဲ့ အတွက်ကြောင့် သူတို့ လုပ်ကိုင်စားသောက်နေကြတဲ့ တောတောင်တွေမှာရော မိုင်းတွေ ထောင်ထားခဲ့တာမရှိဘူးလို့ ဘယ်သူအာမခံမလဲ သူတို့ကို ချက်ချင်းကြီး ပြန်ပို့မယ်ဆိုတာဟာ သူတို့ဘဝလုံခြုံရေးကို တန်ဖိုးမထားတာပါပဲ”ဟု အဆိုတင်သွင်းသူ ဦးကျော်လွင်က မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ထောက်ပံ့ကူညီရေးများပြုလုပ်နိုင်ရန်အတွက် စစ်တမ်းများကို စနစ်တကျကောက်ယူပြီးမှ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မကြာခင်မှတ်တမ်းကောက်ယူရေး လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ယနေ့ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ထပ်ဆင့်ဆွေးနွေးခဲ့သည်။
..

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate