Wednesday, 11 May 2016

ရခိုင်အမတ် ဒေါ်ခင်စောဝေ သတိပေးခံရ


ဧရာဝတီ၊ မေ ၁၁၊ ၂၀၁၆
ရခိုင် စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုတင်သွင်းရန် ကြိုးစားခဲ့သော်လည်း ပြည်သူ့လွှတ်တော်တွင် တင်ပြဆွေးနွေးခွင့် မရသဖြင့် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက လူမှုကွန်ရက် Facebook စာမျက်နှာများတွင် ယင်းကိစ္စကို ပြန်လည်ဖော်ပြခဲ့သဖြင့် လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိပါးစေသော ရေးသား ပြောဆိုမှုနှင့် လွှတ်တော်အတွင်း ဆောင်ရွက်ချက်များကို အထင်အမြင် မှားစေသော ရေးသားပြောဆိုမှုများအတွက် ရှောင်ကြဉ်ကြရန် ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

ဦးဝင်းမြင့်က“ဥက္ကဌ အနေနဲ့ အဆိုတရပ်ကို လက်ခံသင့် မသင့်ရန် စဉ်းစားတဲ့အခါ နည်းဥပဒေများနဲ့ ညီညွတ်ခြင်း မရှိလျှင် သော် လည်းကောင်း၊ သွယ်ဝိုက်၍ဖြစ်စေ ထိပါးစေသည်ဟု လည်းကောင်း ယူဆရသည့် ယင်းအဆို သို့မဟုတ် အဆို၏ အစိတ် အပိုင်းကို လည်းကောင်း ခွင့်မပြုရဆိုသည့် နည်းဥပဒေပြဌာန်းချက်နှင့်အညီ ခွင့်မပြုခဲ့ခြင်း ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြောကြားသည်။
ဒေါ်ခင်စောဝေကမူ သူ၏ အဆိုတင်ပြခွင့် မရခြင်းသည့် လွှတ်တော် ကိုယ်စားလှယ်တဦး၏ အခွင့်အရေး ဆုံးရှုံးသည်ဟု ခံစားရကြောင်း ဧရာဝတီသို့ ပြောဆိုခဲ့သည်။
ပုံစာ - ရခိုင် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ (ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ)
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate