Friday, 13 May 2016

ထိုင်းရောက်မြန်မာလုပ်သားများကို ငွေညှစ်ကာ ဒုက္ခပေးနေသူ မြန်မာနိုင်ငံသား ပွဲစားတစ်ဦးအား နောင်ခဲ တွင် ၀ိုင်းဝန်းဖမ်းဆီး


ရန်ကုန် မေ ၁၃
ထိုင်းရောက်မြန်မာလုပ်သား၄၀ ကျော်ကို အလုပ်ရှာပေးမည်လိမ်လည်ပြော ဆိုကာ မြန်မာနိုင်ငံသား အချင်းချင်းငွေညှစ်သူပွဲစားတစ်ဦးကို မေ၁၂ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံမဟာချိုင် နယ်မြေရှိ နောင်ခဲ ဒေသတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ အယုံလွယ်သူမြန်မာလုပ်သားများကိုထိုင်းနိုင်ငံ မဟာချိုင်နယ်မြေအတွင်းရှိ ခဲလှိုင်၊ ကထုဘန့် နှင့် နောင်ခဲ နယ်မြေများအတွင်း အလုပ်ရှာပေးမည်ဆိုကာ အပြောကောင်းစွာဖြင့် မြန်မာအ လုပ်သမားများထံမှ ပတ်စပို့စာ အုပ်များ နှင့် စာရွက်စာတမ်းပြောင်းခဟုဆိုကာ တစ်ဦးလျှင် ဘတ်ငွေနှစ်ထောင် တောင်းယူလိမ်လည်ပြီးနောက်အလုပ်ရှာမပေးသည့်အပြင်စာအုပ်ပြန်လိုချင်ပါက ငွေဖြင့်ပြန်လည်ရွေးယူရ မည်ဟု မြန်မာလုပ်သားများပေါ်လိမ်လည်နေသူကို မဟာချိုင် နယ်မြေအတွင်းပူး ပေါင်းဖမ်းမိခဲ့ခြင်းဖြစ်ဟု မြန်မာသံရုံးအလုပ်သမားကူညီစောက်ရှောက်ရေးကော်မတီAACမှ ကိုရဲမင်းကမေ၁၃ ရက်တွင် ပြောကြားသည်။
''မျိုးချစ်စိတ်ရှိသူမဟာချိုင်မှလူငယ်များနဲ့AACတို့ ပူးပေါင်းဖမ်းဆီးနိင်ခဲ့တာပါ။ ပတ်စ်ပို့ကမြန်မာ လုပ်သားတွေ ရဲ့ဒုတိယ အသက်ပါ" ဟု AAC မှကိုရဲမင်းကဆိုသည်။
အဆိုပါပွဲစားမှာ အယုံလွယ်သူမြန်မာနိုင်ငံသားများအား လိမ်လည်နေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး ၄င်းထံတွင်အလိမ်ခံရသည့် မြန်မာအလုပ်သမတစ်ဦး ၏အကူညီတောင်းခံချက်ကြောင့် ထိုသို့ပူးပေါင်းဖမ်း ဆီးနိုင်ခဲ့ခြင်း ဖြစ် ကြောင်း ကိုရဲမင်းကဆက်လက်ဆိုသည်။
"မြန်မာအလုပ်သမား ၄၀ ကျော်ရဲ့ စာအုပ်တွေကိုအလုပ်ရှာပေးမည်ဆိုပြီး ယူသွားပြီးတဲ့နောက်နည်း အမျိုးမျိုးနဲ့ချိန်းဆိုဘဏ်ကငွေထည့်ခိုင်းစသည်ဖြင့် ငွေညှစ်ခဲ့လိမ်ခဲ့တာ တစ်နှစ်ကျော်ပြီလို့ ရဲစခန်းတွင်ဖြောင့် ချက်ပေး ဝန်ခံခဲ့တယ်။ ကျွန်တော်တို့ AAC အဖွဲ့ကတော့ အလိမ်ခံရသူ ၄၀ ကျော်ထပ်ပိုများနိင်တယ်လို့ သုံးသပ်ပါတယ်" ဟုကိုရဲမင်းကဆိုသည်။
၎င်းလုလိမ်ပွဲစားသည် အသက်၃၀ အရွယ်ရှိ မင်းအောင်ကို ဆိုသူဖြစ်ပြီး မွန်ပြည်နယ် ချောင်းဆုံမြို့ နယ်ဇာတိဖြစ်ကာ ထိုင်းစကားကျွမ်းကျင်စွာပြောတတ်သည့်တိုင်းရင်းသား တစ်ဦးဖြစ်ကြောင်း ယင်းသည် အလိမ်ခံရသူများထံမှ ငွေပေးငွေယူကိစ္စများကို ထိုင်းဆိုင်ကယ်တက္ကစီသမားများကိုအသုံးချခြင်းဖြစ်ဖြင့် လည်းကောင်း ၊ ဘဏ်အကောင့်များ ကိုလည်းအသုံးချဖြင့်လည်းကောင်းလိမ်လည်နေခြင်းဖြစ်ဟု စစ်ချက်များအရသိရပြီး ၄င်းကိုဖမ်းမိရာတွင်ယင်းနှင့်အတူ လာမရွေးနိင်သည့် အလုပ်သမားများ၏ ခရမ်းရောင်ပတ်စပို့ စာအုပ် ၄ အုပ်၊ ပန်းရောင်ဘတ် ၄ ခုကိုသိမ်းဆည်းနိင်ခဲ့ပြီး ပိုင်ရှင်များAAC အဖွဲ့ထံ ဆက်သွယ်တောင်းယူကြောင်းAAC က ဆိုသည်။
ဓာတ်ပုံ-AAC



ဖြိုးဝေအောင်(china.com)....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate