Friday, 13 May 2016

အပူရှိန်ပြင်းထန်မှုကြောင့် အနှေးယာဉ်လုပ်သားတစ်ဦး ရုတ်တရက်ဦးနှောက်သွေးကြောပြတ် သေဆုံး

(ဓာတ်ပုံ − U Chan Pyae Sone Facebook)
အပူရှိန် ပြင်းထန်ခြင်း ကြောင့် အနှေးယာဉ်လုပ်သား တစ်ဦး ရုတ်တရက်ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးခဲ့ကြောင်း ပြည်မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါ အနှေးယာဉ်လုပ် သားသည် မေလ ၁၁ ရက် ညနေ က ပြည်မြို့ကမ်းနားလမ်းမဘေးတွင် ရပ်ထားသည့် ၎င်း၏ အနှေးယာဉ်ပေါ်၌ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ သေဆုံးနေကြောင်း ပြည်မြို့ အမှတ် (၁) ရဲစခန်းမှူးက ပြောသည်။
‘‘နေ့အပူချိန်တွေ ပြင်းထန် လာတာကြောင့်လို့လည်း ယူဆရ မှာပဲ။
အလုပ်ကြမ်းလုပ်ရတာရယ်၊ သွေးတိုးရောဂါ အခံရှိတာကြောင့် ရုတ်တရက် ဦးနှောက်သွေးကြော  ပြတ်ပြီး ဆိုက်ကားပေါ်မှာပဲ သေ ဆုံးသွားတာဖြစ်တယ်’’ဟု စခန်း မှူးက ပြောသည်။
သေဆုံးသူအနှေးယာဉ်လုပ် သားသည် အသက် (၅၉) နှစ်အရွယ်ရှိပြီး ပြည်မြို့နယ်တရားရုံးအနီးတွင် အနှေးယာဉ်ပြေးဆွဲနေသူဖြစ်သည်။
‘‘သေဆုံးသွားတဲ့ ဦးလေးကြီးက ခမောက်ကြီး အမြဲဆောင်း တတ်လို့ ဆိုက်ကားငှားတဲ့အခါ ခမောက်ကြီးနဲ့ ဦးလေးကြီးလို့ တောင် ကျွန်မတို့နာမည်ပေးထား တယ်။ အရက်သေစာသောက်စား တာမျိုးမရှိဘူး။ နည်းနည်းတော့ ၀တယ်။ ဆိုက်ကားတစ်ကြောင်း လိုက်ပို့ပြီး ပြန်အလာ ခြေထောက် ကို ရေဆေးတယ်လို့ သိရတယ်။ ပြီးတော့ လမ်းဘေးအရိပ်မှာ နား နေတုန်း သေသွားတာ။ ရာသီဥတုကလည်းပူ၊ အသက်ကလည်း ကြီး၊ အလုပ်ကြမ်းကလည်းလုပ်ရ တာ ရုတ်တရက်ဆိုက်ကားပေါ်မှာ တင်သေသွားတော့ စိတ်မကောင်းဘူး’’ဟု ကမ်းနားလမ်းနေ အမျိုးသမီးတစ်ဦးကပြောသည်။
မေလ ၁၁ ရက်က ပြည်မြို့ တွင် နေ့အပူချိန်မှာ ၄၀ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ရှိကြောင်း ပြည်မြို့နယ် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate