Friday, 20 May 2016

ငပုတောတွင် ကျေးရွာပေါင်း ၁၄၀ ကျော် သောက်သုံးရေ ပြတ်လပ်

NgaPuTaw water shortage02
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှာ ကျေးရွာပေါင်း ၁၄၀ ကျော် သောက်သုံးရေ ပြတ်လပ်တာတွေနဲ့ ကြုံတွေ့နေရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ကျေးရွာပေါင်း ရာနဲ့ချီပြီး သောက်သုံးရေ ပြတ်လတ်မှုတွေနဲ့ ကြုံတွေ့နေရပြီး ရေပြတ်လတ်မှုနဲ့ အဆိုးဝါးဆုံး ကြုံတွေ့နေရတဲ့ ငပုတောမြို့နယ် အတွင်းမှာတော့ ကျေးရွာပေါင်း ၁၄၀ ကျော် ရေပြတ်လပ်နေတယ်လို့ ငပုတောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ပြောပါတယ်။
“စာရင်းကောက်ရရှိတဲ့ ကျေးရွာအုပ်စုတွေက အားလုံး ၄၈ အုပ်စု၊ ကျေးရွာပေါင်း ၁၄၈ ရွာ။
ဒါတွေက သောက်ရေ အမှန်တကယ် လိုအပ်တယ်ဆိုပြီး တင်ပြထားတာ။ အခု ဒီနေ့အထိကို ရေဂါလန်ပေါင်း ၂၅၆,၁၅၂ ဂါလန် လာလှူဒါန်းပေးပါတယ်။”
ငပုတောမြို့နယ်တွင်းမှာ ရေရှားပါးမှုတွေ နှစ်စဉ်ဖြစ်ပေါ်ပေမယ့် ဒီနှစ်မှာတော့ လနဲ့ချီပြီး ရေရှားပါးတာကို ပိုမိုကြုံတွေ့နေရတာလို့ ရေကျော်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံဦးက ပြောပါတယ်။
“အရင်နှစ်တွေက ခန်းလည်းခန်း မိုးကလည်း ပြန်ရွာတယ်။ ဒီနှစ် အခြေအနေက ပိုဆိုးတယ်။ ဒီတလအတွင်းမှာ မိုးမရွာဘူးဆိုရင် လူတွေ တော်တော် အခက်အခဲဖြစ်မယ်။”
ရေရှားပါးမှုတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ရေရှည်စီမံချက်အနေနဲ့ ဆောင်ရွက်ဖို့လိုအပ်ပြီး ဒါနဲ့ပတ်သက်လို့ လွှတ်တော်မှာ တင်ပြဆွေးနွေးဖို့ ရှိတယ်လို့လည်း ငပုတောမဲဆန္ဒနယ် အမှတ်-၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုးသိမ်းက ပြောပါတယ်။
“တိုင်းဒေသကြီးမှာ နွေရာသီရောက်လာလို့ ဖေဖော်ဝါရီ လလယ်လောက်ဆို ရေရှားပြီပေါ့။ အဲ့ဒီကနေမှ မိုးမကျမချင်း ဘယ်လိုစီမံကိန်းနဲ့ လုပ်မလဲဆိုတာ တိုက်တွန်းချင်ပါတယ်။ အဆိုပြုတာပေါ့နော်။ ဒါ အတိုက်အခံပါတီအနေနဲ့ မဟုတ်ပါဘူး။ အကြံပြုတာပါ။”
ရေပြတ်လပ်တဲ့ဒေသတွေကို အရပ်ဘက်အဖွဲ့အစည်းတွေ၊ စေတနာရှင်တွေနဲ့ အစိုးရပိုင်းက သွားရောက်ကူညီတာတွေ ရှိပေမယ့် ရေသိုလှောင်မှု အားနည်းတာကြောင့် ရက်ပိုင်းအတွင်းမှာတင် သောက်သုံးရေခက်ခဲမှုတွေ ပြန်လည်ကြုံတွေ့နေရတာတွေ ဖြစ်ပေါ်နေပါတယ်။
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate