Tuesday, 10 May 2016

ရခိုင်လွတ်မြောက်ရေးပါတီ တာဝန်ရှိသူတဦးကို နိုင်ငံတော်အသရေဖျက်မှုဖြင့် တရားစွဲ

..
ဒီကေဘီအေ ဗိုလ်ချုပ်ကြီးစောလားဘွယ်နဲ့ အတူ ALP ပြန်ကြားရေး ဒုတာဝန်ခံ ခိုင်မျိုးထွန်းကို မြင်တွေ့ရစဉ် ဒီကေဘီအေ ဗိုလ်ချုပ်ကြီးစောလားဘွယ်နဲ့ အတူ ALP ပြန်ကြားရေး ဒုတာဝန်ခံ ခိုင်မျိုးထွန်းကို မြင်တွေ့ရစဉ်
အစိုးရနဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ချုပ်ထားတဲ့ ရခိုင်လွတ်မြောက်ပါတီ(ALP) လက်နက်ကိုင် အဖွဲ့က  ပြန်ကြားရေးတာဝန်ခံတဦးကို နိုင်ငံတော်အသရေဖျက်မှုနဲ့  မြန်မာတပ်မတော်က တရားစွဲဆိုလိုက်ပါတယ်။
စစ်တွေအခြေစိုက် ဒကစ ဌာနချုပ်မှ စစ်ဦးစီးပထမတန်း ဒုဗိုလ်မှူးကြီး တင်နိုင်ထွန်းက မေ ၅ ရက်က စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး  တရားစွဲဆိုခဲ့တာလို့  တရားစွဲခံရတဲ့ ကာယကံရှင်  ALP ပြန်ကြားရေး ဒုတာဝန်ခံ ခိုင်မျိုးထွန်းက ဒီဗွီဘီကိုပြောပါတယ်။
“ကျနော်ကို ၅ ရက်နေ့က ဒကစ လက်အောက်ခံ ဗိုလ်မှူးနှင့် ဒုဗိုလ်မှူးအဆင့်ရှိတဲ့ သူနှစ်ယောက်က ဖုန်းဆက်လာပါတယ်။ သူတို့က ပြောတယ်။ ကျနော်တို့က ပြုပြင်ပြောင်းလဲမှုကို လိုချင်တဲ့ စစ်တပ်ကအရာရှိတွေ ဖြစ်ကြတယ်။ ခင်ဗျားကိုစစ်တပ်က လျှို့ဝှက်ပြီးဖမ်းဖို့ လုပ်နေတယ်။ ကျနော်က
ဘာလို့ဖမ်းမှာလဲလို့ သူတို့ကိုမေးတော့။ နိုင်ငံတော် အသရေဖျက်မှု၊ မမှန်မကန် စွပ်စွဲမှု ပုဒ်မ ၅၀၅ (ခ)နဲ့တရားစွဲပြီး ဖမ်းမယ်လို့ပြောပါတယ်။ အခုထိ ကျနော်ကိုဖမ်းဖို့ လိုက်ရှာနေတယ်။ သူတို့က ပြောတယ်။ ခင်ဗျားဖက်က ဘယ်လောက်ပဲ သက်သေ အထောက်အထား ဗွီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေပြပြခင်ဗျားကို ချက်ချင်းဖမ်းမယ်လို့ ပြောလာ တယ်။”
ရခိုင်ပြည်နယ်အတွင်း မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြားပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာတပ်မတော်က ဒေသခံပြည်သူတွေအပေါ် ပေါ်တာဆွဲတာ အပါအ၀င် စောင့်ထိမ်းရမယ့် နိုင်ငံတကာ ဥကပဒေတွေကို ချိုးဖောက်ခဲ့ တယ်ဆိုပြီး ရခိုင်ပြည်လွှတ်မြောက်ရေးပါတီက ဧပြီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး၊ ရခိုင်ပြည်နယ်  နယ်စပ်ရေးရာ ၀န်ကြီး ဦးထိန်လင်းနဲ့ ရဲမှူးကြီး စိန်လွင်တို့အဖွဲ့တွေက  ALP တာဝန်ရှိသူ တွေကို  ဧပြီ ၂၇ ရက်နေ့က ခေါ်ယူသတိပေးခဲ့ပြီး အထောက်အထားတွေတင်ပြဖို့နဲ့ မခိုင်လုံရင် တရားစွဲမယ်လို့ ပြောထားတာဖြစ်ပါတယ်။
မြန်မာ့တပ်မတော်ဘက်က ပြည်သူတွေအပေါ် ပေါ်တာဆွဲမှုနဲ့ပတ်သက်ပြီး စုစည်းထားတဲ့ သက်သေ အထောက်အထားတွေကို တပ်ဘက်ကတာဝန်ရှိသူတွေထံ ဧပြီ ၃၀ ရက်နေ့က ပေးအပ်ခဲ့ပေမယ့် အဲ့ဒီအထောက်ထားတွေဟာ ခိုင်လုံမှုမရှိဘူးလို့ တပ်ဖက်ကတုံ့ပြန်ထားပြီး၊ နိုင်ငံတော် အသရေဖျက်မှု၊ မမှန်မကန်စွပ်စွဲမှုနဲ့ ပြီးခဲ့တဲ့ မေ ၅ ရက်နေ့ တပ်မတော်ဖက်က ဒုဗိုလ်မှူး အဆင့်ရှိသူတဦးက တရားလိုပြုပြီး တရားစွဲဆိုခဲ့တာပါ။
ALP အနေနဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ ပေးထားပြီးဖြစ်တယ်လို့ ပြန်ကြားရေး ဒုတာဝန်ခံ ခိုင်မျိုးထွန်းက ပြောပါတယ်။
“ကျနော်ဖက်က ဗွီဒီယိုဖိုင် သက်သေ အထောက်အထားတွေ အကုန်ရှိထားတယ်။ နောက်ပြီး သူတို့ကိုလည်း ပေးထားပြီးပြီ။ ဒီထက်အထောက်အထားခိုင်လုံတာ ဘာမှ မရှိတော့ဘူး။ ကျနော်တို့ဘက်က သူတို့ဖက်ကို ပြောထားတာရှိတယ်။ သက်မှတ်ထားတဲ့နေ့ရက်အချိန်မှာ မြန်မာတပ်မတော်ဖက်က မတရား လုပ်ရပ်တွေကို အရေးမယူဘူး မဖမ်းဆီးဘူးဆိုရင် ကျနော်တို့ အများပြည်သူသိအောင် သတင်းစာရှင်းလင်းပွဲ လုပ်ပြီးချပြသွားမယ်လို့ ပြောထားတာရှိတယ်။ ဒါကိုသူတို့ဖက်က အားလုံး ပေါ်သွားမှာကြောက်လို့ ကျနော်ကို လိုက်ဖမ်းနေတာဖြစ်တယ်။”
ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ကို ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းကာ သီးခြားလွတ်လပ်ရေး အတွက် လက်နက်ကိုင်တိုက်နေတာဖြစ်ပြီး ၂၀၁၂  ဧပြီ ၆ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပါတယ်။
၂၀၁၅ အောက်တိုဘာ ၁၅ ရက်မှာတော့ ALP အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (အန်စီအေ)ကို  နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
သတင်း – ၀ဏ္ဏခွာညို
..

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate