Tuesday, 10 May 2016

တိုက်ပွဲကြောင့် ရိက္ခာပြတ်လပ်နေသည့် ကျေးရွာသို့ ၀ံလက်ဖေါင်ဒေးရှင်းက သွားရောက်ကူညီ

..
စံမောင်သန်း၊ ရန်ကုန်နိရဉ္စရာ၊ မေ ၉
 ရခိုင်ပြည်နယ်တွင် ရက္ခိုင်တပ်မတော်နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ရိက္ခာပြတ်လပ်နေသည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ပေါက်ကျေးရွာသို့ ၀ံလက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းမှ မေလ ၈ ရက်နေ့တွင် ဆန်အိတ်နှင့် ငါးခြောက်များ သွားရောက်ကူညီခဲ့သည်ဟု သိရသည်။

“တိုက်ပွဲကြောင့် ရွာသားတွေက တောင်ပေါ်တက်ပြီး တောင်ယာလုပ်တာတို့၊ ၀ါးခုတ်တာတို့ကို တားမြစ်ထားတဲ့အတွက် ရိက္ခာပြတ်လတ်နေပါတယ်။ အဲ့ဒီအခြေအနေကို ၀ံလက်ဖေါင်ဒေးရှင်းသို့ ဖုန်းဆက်ပြီး အကြောင်းကြားလာတဲ့ အတွက် သွားရောက် ကူညီတာပါ။ ဆန်အိတ် ၃၀ နဲ့ ငါးခြောက် အိတ်ကြီး တစ်အိတ် လှူခဲ့ပါတယ်”ဟု အကူညီသွားပေးရာတွင် ကိုယ်တိုင် ပါဝင်ခဲ့သူ ဗဂျီးကျော်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ အဆိုပါရွာထဲတွင် အစိုးရတပ်က နေရာယူထားမှုရှိနေပြီး ညမိုးချုပ်လျှင် ရွာပြင်သို့ မထွက်ရဟု တားမြစ်ထားသည်ဟု ဆိုသည်။

သို့သော် ယင်းသို့ စစ်တပ်က နေရာယူထားသော်လည်း ရွာထဲမှသော်လည်းကောင်း၊ ရွာအနီးအနားမှ သော်လည်းကောင်း လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းများမရှိဟု ရွားသားများက ပြောကြားကြောင့် သွားရောက်ကူညီ ခဲ့သူများက ဆိုသည်။

၎င်းဒေသ အနီးတ၀ိုက် ယိုးချောင်းဖျားတွင် တောင်ပေါက်ကျေးရွာကဲ့သို့ ရိက္ခာ အခက်အခဲဖြစ်နေသာ နောက်ထပ်ကျေးရွာများရှိနေသေးပြီး သွားရောက်ကူညီလိုသူများအနေဖြင့် ဆန်နှင့် တာရှည်ခံ ရိက္ခာများ ကူညီက ပိုအကျိုးရှိနိုင်သည်ဟု ဆိုသည်။

ဝံလက်ဖေါင်ဒေးရှင်းက သွားရောက်ကူညီခဲ့သော တောင်ပေါက်ကျေးရွာတွင် အိမ်ထောင်စု ၃၀ ကျော်ခန့်ရှိပြီး၊ လူဦးရေ ၁၀၀ ကျော်ရှိသည်ဟု သိရသည်။

____Narinjara News
..

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate