Sunday, 8 May 2016

မင်းဘူးမြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်း

.
မင်းဘူး ၊ မေ ၈ ။            ။ မင်းဘူးမြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးအတွက် မေ ၇ရက်နေ့က ကော်မတီဖွဲ့စည်းပြီးပြီ ဖြစ် ကြောင်း ဖြစ်မြောက်ရေး ဦးဆောင်သူ ကိုချို (ချစ်သူအိမ်)ပြောသည်။
ပြီးခဲ့သည့် မေ ၇ ရက်နေ့ ည၇နာရီတွင် မင်းဘူးမြို့ ပြည်တော်သာလမ်းရှိ သုခမိန် ခန်းမတွင် ပြည်သူများ၏ အများဆန္ဒဖြင့် အဆိုပါဖြစ်မြောက်ရေးကော်မတီအား ပွင့်လင်းမြင်သာစွာ ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။
ယင်းဖြစ်မြောက်ရေး ကော်မတီတွင် နာယက (၁၅) ဦး၊ ကော်မတီအဖွဲ့ (၁၅)ဦးနှင့် လိုအပ်ပါက ကော်မတီဦးရေ ထပ်တိုးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးတင်ဇော်ထွေးကပြောသည်။
“ ရံပုံငွေရရှိရေး ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ထားရှိမည့် နေရာ ရွေးချယ်ရေးတို့ အပါအဝင် ဘာဘဲလုပ်လုပ် အများပြည်သူကို ချပြပြီးမှ လုပ်ဆောင်ကြမှာပါ။ ပြီးတော့ဘဏ်မှာ အကောင့်တခုဖွင့်မယ် မင်းဘူးမြို့နယ်က ရပ်နီးရပ်ဝေးမှာရှိတဲ့သူတွေ ဗိုလ်ချုပ်ကြေးရုပ် အတွက် လှုဒါန်းမယ်ဆိုရင် ဘဏ်မှာ ချက်ခြင်း သွင်းနိင်အောင် ဆောင်ရွက်ပေးထားပါ့မယ် ကျနော်တို့ ကော်မတီကိုလဲ အကြံဥာဏ်ပေးနိင်အောင် လူမှုကွန်ရက်တခု ဖွင့်ပေးထားမှာပါ” ၄င်း ဆိုသည်။
မင်းဘူး၏ သမိုင်းမှတ်တိုင်ဖြစ်သည့် အတွက် လူထုအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန် အသင့်ဖြစ်နေကြောင်းအမှတ် ၂ ရပ်ကွက်နေ ကိုမင်းမြတ်ကပြောသည်။
http://mizzimaburmese.com/article/13962
...

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate