ရန်ကုန် ၁၇ မြို့နယ်မှာ မီးမပြတ်တော့
.
သစ်ပင်ခုတ်ထွင်ရှင်းလင်းတာတွေ လုပ်မှာဖြစ်လို့ ဓာတ်အားရပ်ဆိုင်းမှုတွေ အလျဉ်းသင့်သလို ပြုလုပ်သွားမယ်လို့ သိရပါတယ်။
...

ချို့ယွင်းမှုဖြစ်ခဲ့တဲ့ တိုယိုထိုင်း
ဓာတ်အားပေးစက်ရုံက ဓာတ်အားပေးစက်တစ်လုံးကို ပြုပြင်ပြီးစီးခဲ့တာကြောင့်
လတ်တလော ဖြန့်ဖြူးပေးနေတဲ့ မြို့နယ် ၁၇ မြို့နယ်ကို ဝန်အားလျှော့ချတော့မှာ
မဟုတ်ဘူးလို့ သိရပါတယ်။
‘‘ဓာတ်ကြိုးမှာ အပြစ်ဖြစ်တာတို့၊ System Breakdown တို့ကြောင့် မီးပြတ်ချင်ပြတ်ပေမယ့် ဝန်အားကျော်လွန်သုံးစွဲမှုကြောင့် မီးမပြတ်တော့ပါဘူး။ အဲဒီနေရာက ပျက်နေတဲ့ စက်တစ်လုံးကို ပြင်လိုက်တာ ဒီနေ့ မနက် ၂ နာရီက ပြီးပါတယ်’’လို့ YESC အင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်က ပြောသည်။
ဓာတ်အား ကျော်လွန်သုံးစွဲမှုကြောင့် ဝန်အားလျှော့ချတာတွေကို အလုံဓာတ်အားပေးစက်ရုံက ပြုလုပ်တော့မည်မဟုတ်တော့လို့ ဓာတ်အား ပိုသုံးစွဲမှုကြောင့် ဓာတ်အားပြတ်တောက်မှုတွေ ကြုံတွေ့ရမည်မဟုတ်ဘူးလို့ သိရပါတယ်။
တိုယိုထိုင်း ဓာတ်အားပေးစက်ရုံမှာ ဓာတ်အားပေးစက်နှစ်လုံးရှိပြီး တစ်လုံးပျက်နေကြောင့် တစ်လုံးနဲ့လည်နေရလို့ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်ယူသုံးစွဲရကြောင့် စက်ချို့ယွင်းမှုတွေဖြစ်ခဲ့ပါတယ်။
ဓာတ်အားခွဲရုံတွေနဲ့ ဓာတ်အားလိုင်းကြံ့ခိုင်မှုတွေရှိစေဖို့ အပတ်စဉ် ဓာတ်အားလိုင်းပိတ်ပြီး သစ်ပင်သစ်ကိုင်းတွေ ခုတ်ထွင် ရှင်းလင်း တာတွေ လုပ်မှာဖြစ်လို့ ဓာတ်အားရပ်ဆိုင်းမှုတွေ အလျဉ်းသင့်သလို ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Source : 7DayDaily
Photos : AP,AsiaPower

0 comments:
Post a Comment