Sunday, 8 May 2016

သံဖြူဇရပ်မှာ ကျူးကျော်တွေကို ဖယ်ဖို့စီစဉ်

.

play
၁၀ ရက်အတွင်း ဖယ်ရှားပေးဖို့ညှိနှိုင်းတာ သဘောတူညီမှုရခဲ့ပါတယ်။သံဖြူဇရပ်မြို့လယ်ကို တွေ့ရစဉ်။

သံဖြူဇရပ်မြို့က လမ်းမကြီး သုံးခုပေါ်မှာရှိတဲ့ ကျူးကျော်ဈေးဆိုင်နဲ့ နေအိမ်ခြောက်ဆယ်ကျော်ကို ၁၀ ရက်အတွင်းဖယ်ရှားပေးဖို့ မြို့နယ်စည်ပင်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
သက်ဆိုင်ရာ ကာယကံရှင်တွေနဲ့ မနေ့က တွေ့ဆုံပြီး ၁၀ ရက်အတွင်း ဖယ်ရှားပေးဖို့ညှိနှိုင်းတာ သဘောတူညီမှုရခဲ့တယ်လို့ သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ  ဦးမင်းလတ်က ပြောပါတယ်။
"လမ်းကျူး၊ ပလက်ဖောင်းကျူးဖြစ်နေတဲ့ အိမ်ဆိုင်တွေအားလုံးကို ကျနော်တို့ဆွေးနွေးလိုက်တာပေါ့၊ သူတို့က လိုလိုလားလားပဲ၊ တချို့ဆိုရင် တန်ဖိုးကုန်ကျစရိတ် များများနဲ့ လုပ်ထားတာတွေရှိတယ်၊ ဒါပေမယ့် သူတို့လုပ်ပေးပါ့မယ်၊ ရှင်းအောင်သာလုပ်ပါ၊ အောင်မြင်အောင်သာလုပ်ပါပေါ့၊ လိုလိုလားလားနဲ့ တုန့်ပြန်ကြတယ်" လို့ ဦးမင်းလတ်က ဆက်ပြောပါတယ်။

သံဖြူဇရပ်မြို့လယ်မှာ ကျူးကျော်ဈေးဆိုင်တွေနဲ့ နေအိမ် ၆၀ ကျော်က စည်ပင်နယ်နိမိတ်ပေါ်ကိုကျော်ပြီး ဆောက်လုပ်ထားလို့ အခုလိုဆောင်ရွက်ရတာလို့လည်း သိရပါတယ်။
ကျူးကျော် ဆောက်လုပ်မှုတွေကြောင့် လမ်းသွားလမ်းလာနဲ့ ကား၊ ဆိုင်ကယ်တွေသွားလာဖို့ အခက်အခဲကြုံနေရပြီး ရေစီးရေလာ မကောင်းတာတွေကြောင့် ဖယ်ပေးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
Source : RFA
..

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate