Saturday, 7 May 2016

ရခိုင်ဒုက္ခသည် ၁၇၀၀ အထိတိုးလာ၊ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်

..

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်း ရှောင်လာတဲ့ စစ်ပြေးဒုက္ခသည် ၁၇၀၀ ကျော်အထိရှိနေပြီဖြစ်ပြီး အရေးပေါ် စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေ ကူညီပေးနေတဲ့ ၀ံလက်ဖောင်ဒေးရှင်းမှ လူငယ် စာရေးဆရာဝေဟင်အောင်က တိုက်ပွဲကြောင့် အစာရေစားတွေ ပြတ်လပ်ပြီး ပေါ်တာဆွဲခံရမှာကို စိုးရိမ်တာကြောင့် ရွာလုံးကျွတ် ထွက်ပြေးလာကြတယ်လို့ ပြောပါတယ်။
“မနေ့ကအချိန်အထိ လက်ရှိစာရင်းဇယားအရဆိုရင် စစ်ပြေးဒုက္ခသည် ၁၇၀၀ ကျော်နေပြီ၊ ဒုက္ခသည် အသစ်တွေတိုးလာနေကြတယ်။ ရေရှည်စားဝတ်နေရေးဖြေရှင်းဖို့ဆိုတာ မလွယ်ဘူး။ ၅ ရက်နေ့ကဆိုရင် ကျနော်တို့မျက်စိရှေ့ပဲ ပုဏ္ဏားကျွန်းမြို့နယ်  ‘ဂင်ပိ’ဆိုတဲ့ ရွာက တရွာလုံး ထွက်ပြေးလာကြတယ်။ ဒီလို အတိုင်းသာဆိုရင် ဒုက္ခသည်တွေ တော်တော်လေးကို ဒုက္ခရောက်ဖို့ အခြေအနေရှိတယ်။”
မေ ၅ ရက်နေ့က တိုက်ပွဲတွေကြောင့် ထပ်မံရောက် ရှိလာတာကတော့ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂင်ပိကျေးရွာက အိမ်ထောင်စု ၁၀ စုနဲ့ လူဦးရေ ၃၆ ဦး၊ မေ ၂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆယ်တောင်ကျေးရွာက ဒုက္ခသည် ၂၀၅ ဦး ရှိတယ်လို့ ဆိုပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား အခုနှစ် ဧပြီ ၁၆ ရက်နေ့ကနေ မေ ၆ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်တွေမှာ စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။
လက်တစ်လောမှာ စစ်ဘေးရှောင်ဒုက္ခသည် ၁၇၀၀ ကျော်အထိ ရှိလာပြီ ဖြစ်လာတာကြောင့် စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆရာဝေဟင်အောင်က ဆိုပါတယ်။
’’လက်တလော ဒုက္ခသည်တွေ စားဝတ်နေရေးဖြေရှင်းနေရတာက ရခိုင်ပြည်နယ်အတွင်း လူမှုအဖွဲ့အစည်းတွေပဲရှိတယ်။ လူတွေတအား များလာတာကြောင့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ စောင့်ရှောက်မှုတွေ လိုအပ်လာနေပြီ။ အခုက ဒုက္ခသည်စခန်းတွေမှာ ကျန်းမားရေးနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေမရှိ၊ သူနာပြုတွေ မရှိဘူး၊ ဆေးပေးခန်းတွေမရှိဘူး။ အစိုးရရဲ့ အကူအညီထောက်ပံ့ပေးတာ မရှိသေးဘူး။ အန်ဂျီအို လူမှု အဖွဲ့အစည်း ဆီက ကူညီထောက်ပံ့တာ မရှိသေးဘူး။ ရက်ပေါင်း ၂၀ ကျော်နီးပါး ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ များသထက်များလာနေတယ်။ ဒီဒုက္ခသည်တွေရေရှည်အတွက်အစိုးရထံမှ၊ နိုင်ငံတော်ထံမှကူညီ ထောက်ပံ့မှုတွေ မရရှိခဲ့ဘူးဆိုရင် ရှေ့ဆက်သူတို့ဘ၀တွေက ဒုက္ခရောက်ကြတော့မယ်။”
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ တကျော့ပြန် ပြန်ဖြစ်ပွားနေတာကို ချက်ချင်းရပ်စဲပြီး အေအေ လက်နက်ကိုင်အဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေးပွဲ ဖိတ်ခေါ်သင့်ကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ က အမျိုးသားလွှတ်တော်အမတ်  ဦးဝေစိန်အောင်က ပြီးခဲ့တဲ့ မေ ၄ ရက်နေ့က လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းခဲ့ပေမယ့် မှတ်တမ်းတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သတင်းဓာတ်ပုံ ၀ဏ္ဍခွာညို
By








..

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate