Friday, 24 June 2016

တိုက်ပွဲ ဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၏ သဘောထား ထုတ်ပြန်ချက်


ရက်စွဲ (၂၀၁၆)ခု ဇွန်လ (၂၃)ရက်
၁။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ ALA) အမှတ်(၉) တပ်ရင်းမှ စစ်ကြောင်း တစ်ကြောင်းသည် ဗဟိုဌာန ချုပ်သို့ အပြန်ခရီးတွင် ရက္ခိုင်တပ်မတော် (AA) ဘက်မှ စတင် ပစ်ခတ်မှုကြောင်း နှစ်ဖက် တိုက်ပွဲ စတင်ဖြစ်ပွားရခြင်း ဖြစ်သည်။
၂။ တိုက်ပွဲအတွင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ALA)မှ ရဲဘော်တစ်ဦး ဖမ်းဆီးခြင်း ခံရပြီး အခြားရဲဘော်တစ်ဦးမှာ ပျောက်ဆုံးနေပါသည်။

၃။ တိုက်ပွဲနှင့် ပတ်သက်၍ ရက္ခိုင့်တပ်မတော် (AA) ခေါင်းဆောင်တစ်ဦးအား ဆက်သွယ်ရာ တိုက်ပွဲဖြစ်ပွားမှုနှင့် (ALP/ALA) ရဲဘော် တစ်ဦးအား ဖမ်းဆီးရထားခြင်းမှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
၎။ ဤကဲ့သို့ ရခိုင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်း လက်နက်နဲ့ ပဋိပက္ခ ဖြစ်ပွါးခြင်းသည် ရခိုင်လူထုကြားထဲ အလွန်ရှက်ဖွယ်ကောင်းသည်ဟု မိမိတို့ ပါတီ တပ်မတော်မှ ရှုမြင်သုံးသပ်မိသည်။
၅။ မိမိတို့ ပါတီ တပ်မတော်သည် ယခင်က ရန်သူဖြစ်ခဲ့သည့် အစိုးရတပ်မတော်နှင့်ပင်လျှင် နိုင်ငံရေးအရ ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် တွေ့ဆုံနွေးဆွေး အဖြေရှာနေချိန်တွင် ရခိုင်အမျိုးသား တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း သွေးမြေမကျဘဲ ငြိမ်းချမ်သည့် နည်းလမ်းဖြင့် အဖြေရှာနိုင်လိမ့်မည်ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ALA) မှ ယုံကြည် မျှော်လင့်သည်။
ဗဟိုကော်မတီ
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
ဗဟိုအဖွဲ့ချုပ်
ဆက်သွယ်ရန် ဖုန်း ။ 09450035991
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate