Tuesday, 5 July 2016

ကချင်၊ စစ်ကိုင်း၊ ရခိုင်ဒေသအချို့တွင် ရေဖုံးလွှမ်းနိုင်သည့် အလားအလာများမြင့်မားနေဟု ဒေါက်တာထွန်းလွင် သတိပေး

ရန်ကုန်၊ ဇူလိုင် ၄ - တိုင်းဒေသကြီး နှင့်ပြည်နယ်သုံးခုတွင် ရေဖုံးလွှမ်း နိုင် သည့်အလားအလာများမြင့်မား နေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင်ဒေါက်တာထွန်းလွင်က သတိ ပေး ပြောကြားသည်။

ကချင်ပြည်နယ်အနောက်အ လယ်ပိုင်း ပူတာအိုအနီးတစ်ဝိုက် ဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီး အနီးတစ်ဝိုက်ဒေသ၊ ရခိုင်ပြည်နယ် စစ်တွေအနီးတစ်ဝိုက်ဒေသများနှင့် ကျောက်ဖြူအနီးတစ်ဝိုက်ဒေသများ တွင် ယခုရက်ပိုင်းအတွင်း ရေဖုံး လွှမ်း နိုင်သည့်အလား အလာများ မြင့်မား နေ သည့်အပြင် လက်ရှိအချိန်တွင် မိုးရေချိန်သုံးလက်မမှ ခုနစ်လက်မ အထိရွာသွန်း ခဲ့ပြီး မိုးကြီးခဲ့ကြောင်း သိရသည်။
"မိုးကြီးလို့ရေဖုံးတာပါ။ ကချင်၊ စစ်ကိုင်းအထက်ပိုင်း၊ ရခိုင်တို့မှာမိုး ကြီးခဲ့ပြီး ဧရာဝတီ၊ ပဲခူးတိုင်းအနောက် မြောက် ပိုင်းနဲ့တောင်ပိုင်း ၊ ကရင် ပြည်နယ် အလယ်ပိုင်း၊ မွန်ပြည်နယ် အလယ်ပိုင်းတို့မှာလည်း မိုးရေချိန် ၁ ဒသမ ၅လက်မကနေ သုံးလက်မ အထိရွာခဲ့တယ်" ဟုဒေါက်တာထွန်း လွင်က ဇူလိုင် ၄ ရက်က ဒီမိုကရေစီ တူဒေးသတင်းစာသို့ပြောသည်။

အလားတူမိုးလေ၀သနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း ချင်းတွင်းမြစ်ရေ သည် ယခုရက်ပိုင်း အတွင်း ခန္တီးမြို့၊ မော်လိုက်မြို့ ၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့၊ တို့တွင် စိုးရိမ်ရေမှတ်အသီးသီး သို့ ရောက်ရှိလာနိုင်ခြင်းကြောင့် ချင်းတွင်း မြစ်ကြောင်း တစ်လျှောက် မြစ် ကမ်း အနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင် ကြရန် သတိပေးချက်ကို ဇူလိုင် ၄ ရက် က ထုတ်ပြန်ထားသည်။

ယင်းအပြင် နောက်ထပ်နှစ် ရက်ခန့်ထိ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့်ရခိုင်ပြည်နယ် တို့တွင် ဆက်လက်မိုး ပိုနိုင်ကြောင်း၊ မိုးရေ ချိန်လက်မမြင့်မားခဲ့သည့်ဒေသများ တွင် ကျောက်တော်မြို့ ၊ မောင်တော မြို့၊ ခန္တီးမြို့၊ အမ်းမြို့၊ တောင်ကုတ် မြို့၊ မြောက်ဦးမြို့၊ ဟုမ္မလင်းမြို့၊ ပလက်ဝမြို့၊ သံတွဲမြို့နှင့်ပဲခူးမြို့တို့ ဖြစ် ခဲ့ပြီး ဒေသအလိုက်မိုးရေချိန် လက်မကိုးလက်မကျော်မှ ၁၂ လက်မ ကျော်ထိရွာသွန်းခဲ့သည်။

MMA
‪#‎Democracytoday‬

Photo Caption :: ယမန်နှစ်က ရေလွှမ်းမိုးဒဏ်ခံနေရသော စစ်ကိုင်းတိုင်း ကလေးမြို့ကိုတွေ့ရစဉ်။ ဓာတ်ပုံ - DT
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate