Localရန်ကုန်မှာ မီးပြတ်တာနည်းစေဖို့ YESC ကို သန်း ၄၈၀၀ ကျော်ထောက်ပံ့မယ်
ရန်ကုန်မှာ မီးပြတ်တာ နည်းပါးစေဖို့ အတွက်
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ကို
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကျပ်သန်း ၄၈၀၀ ကျော်ထောက်ပံ့မယ်လို့ သိရပါတယ်။
7Day Daily ရဲ့ဖော်ပြချက်အရ လျှပ်စစ်ဓာတ်အား လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့နဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ လျော့နည်းစေဖို့အတွက် ယခုနှစ် ဘဏ္ဍနှစ်မှာ ထောက်ပံ့မှာဖြစ်ပါတယ်။ ရန်ကုန်မြို့လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဟာ သီးသန့်ဘတ်ဂျက်အဖြစ် အခုနှစ် ဘဏ္ဍာနှစ်မှာ ကျပ် ၃၅ ဘီလီယံကျော် သုံးစွဲဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
အဆိုပါ ၃၅ ဘီလီယံကျော်ထဲမှ ၁၄ ဘီလီယံဟာ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဂျိုက်ကာတို့မှ ချေးယူထားတာ ဖြစ်ပါတယ်။
Photos & Source: 7Day Daily

0 comments:
Post a Comment