Wednesday, 15 June 2016

ကွမ်းဖြင့် အသက်မွေးကြသူများ မစိုးရိမ်ကြရန် မန်းဝန်ကြီးချုပ် ပြောပြီ

mdy1 
(မန္တလေး၊ ဇွန် ၁၄)
ကွမ်းစားသုံးမှု ပပျောက်ရေး သတင်းများနှင့် ပတ်သက်၍ ကွမ်း ဖြင့် အသက်မွေး ဝမ်းကျောင်းနေ သူများ မစိုးရိမ်ကြရန် မန္တလေး တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
”ကွမ်းကိစ္စက ကျွန်တော်တို့ ဘာမှ မပြောသေးပါဘူး၊ ကွမ်းတံ တွေးထွေးတာ စည်းမဲ့ ကမ်းမဲ့ထွေး နေတာဖြစ်တဲ့ အတွက် ဘယ်လိုလုပ် ကြမလဲသာ ပြောနေတာပါ၊ မန္တ လေးမြို့တော်ကြီး သန့်ရှင်း လှပ စေချင်တယ် ဆိုရင် စည်းကမ်းမဲ့ ကွမ်းတံတွေး မထွေးကြဖို့ ပြောနေ တာပါ” ဟု ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဆိုသည်။

ယခုနှစ်  ဧပြီ ၂ဝ ရက်ထုတ် မန္တလေးနေ့စဉ် သတင်းစာ၌ ‘မြို့ တော်သန့်ရှင်း သာယာ လှပစေရေးနှင့် အများပြည်သူ ကျန်းမာရေး အ တွက် ကွမ်းစားခြင်း၊ စည်းကမ်း မဲ့ ကွမ်းတံတွေးထွေးခြင်းများ ပ ပျောက်အောင် စီမံချက်ချမှတ် ဆောင်ရွက်မည်’ ဟူသော သတင်း ပါရှိလာ ရာ ကွမ်းစားသုံးသူများ အပါအဝင် ကွမ်းလုပ်ငန်းဖြင့် အ သက်မွေး ဝမ်းကျောင်းကြသူများ ကြား စိုးရိမ်ပူပန်မှုများရှိခဲ့သည်။
ထိုသို့ စိုးရိမ်မှုများနှင့် ပတ် သက်၍ ဝန်ကြီးချုပ်က အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။
 မြန်မာနိုင်ငံတွင် ကွမ်းသီး ကွမ်းရွက်၊ ထုံး၊ ဆေးရွက်ကြီး အ စရှိသည့် ကွမ်းပစ္စည်းနှင့် ပတ် သက်၍ ဒေသ အနှံ့အပြား ရေ မြေအလိုက် စိုက်ပျိုး လုပ်ကိုင်ကြ သူများ ရှိနေပြီး အထူးသဖြင့် အ ထက်အညာဒေသထွက် ကွမ်းသီး နှင့် ကွမ်းရွက်သည် နာမည်ကျော် ကြား လူကြိုက် များ ပြီး စိုက်ပျိုး လုပ်ကိုင်သူ အများအပြား ရှိသည် ဟု သိရသည်။
 နှစ်ပေါင်း ငါးဆယ်ခန့် ကွမ်း ယာ စားသုံးခဲ့သူ အသက် ၆၅ နှစ် အရွယ် မန္တလေးမြို့ခံ ဦးထွန်းဝေ က ကွမ်းစားသုံးမှု ပပျောက်ရေး နှင့် ပတ်သက်၍ ”ကွမ်းစားသုံးမှု ပပျောက်အောင်လုပ်ဖို့ မလွယ်ပါ ဘူး၊ တကယ်တမ်း အစိုးရ လုပ်ရ မှာက မူးယစ်ဆေးဝါး ပြဿနာပါ၊ ကွမ်း နဲ့ ပတ်သက်ပြီး လုပ်ချင်သပ ဆိုရင် စည်းကမ်းမဲ့ ကွမ်းတံတွေးမ ထွေးဖို့ စည်းကမ်း တင်းကျပ်ရမှာ ပါ၊ ဒါကစည်းကမ်းပိုင်းကိစ္စပါ၊ ကျန်းမာရေး နဲ့ ပတ်သက်လို့ အ ကြံပေးရမယ် ဆိုရင်တော့ ပြည်ပ က ဝင်လာတဲ့ ကွမ်းစားဆေးတွေ ကို ကန့်သတ်ရပါမယ်၊  ပြည်တွင်း မှာ အတု လုပ်ရောင်းတာတွေ စိ စစ်ရပါမယ်၊ ဒီလိုမှ မဟုတ်ဘဲ ကွမ်းကိစ္စ ကို အာဏာရှင် ဆန် ဆန် တင်းကျပ်မယ် ဆိုရင် ဒေသ တွင်း မတည်ငြိမ်မှုတွေ ဖြစ်လာ နိုင်တယ်” ဟု သုံးသပ်သည်။
စောထွေး
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate