Monday, 6 June 2016

မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒုက္ခသည်တွေကို ဒေါ်စုသွားတွေ့မယ်

မဟာချိုင်ဒေသက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး ဒုက္ခသည်စခန်းတွေကို သွားရောက်မှာပါ။

၂၀၁၂ ခုနှစ် မေလ ၃၀ ရက်က ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံမဟာချိုင်ဒေသသို့ သွားရောက်ခဲ့စဉ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မဟာချိုင်ဒေသက မြန်မာရွှေ့ပြောင်း အလုပ်အမားတွေကို သွားရောက်တွေ့ဆုံမယ်လို့ သိရပြီး ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။

play

ဇွန်လ ၂၃ရက်ကနေ ၂၅ရက်အထိ ထိုင်းနိုင်ငံကို နိုင်ငံတော်ခရီးစဉ်အနေနဲ့ သုံးရက်ကြာသွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၂၄ရက်မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံမှာဖြစ်ပြီး ဇွန်လ ၂၅ ရက်မှာ မြန်မာဒုက္ခသည်စခန်းတစ်ခုကို သွားရောက်ကြည့်ရှုမှာပါ။
play

‘‘ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထိုင်းအစိုးရကို မြန်မာရွှေ့ ပြောင်းအလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ဖို့ ပြောခြင်းထက် မြန်မာအစိုးရအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကိုဘယ်လိုမျိုးစနစ်တကျ၊ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆာင်ရွက် မယ်ဆိုတဲ့ ပေါ်လစီနဲ့ လုပ်ထုံးလုပ် နည်းများကို အသေးစိတ်ပြောခဲ့ သင့်တယ်လို့ ထင်ပါတယ်’’လို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က အကြံပြုခဲ့ပါတယ်။
Source : 7DayDaily
Photos : AFP
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate