Monday, 6 June 2016

ရခိုင် မြို့နယ် ၃ ခုရှိ ဘင်္ဂါလီများအား လူဦးရေစာရင်း ပြန်လည်ကောက်ခံမည်ဟုဆို

စစ်တွေ၊ ဇွန် ၅

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၃ ခုမှ ဘင်္ဂါလီများအား လူဦးရေစာရင်း ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ဖော်ပြောသည်။

ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များရှိ ဘင်္ဂါလီများအား ယခုရက်ပိုင်းအတွင်း စစ်ဆေးသွားမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။

“သူတို့ကို ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေနဲ့ စိစစ်မှာတော့ မဟုတ်ပါဘူး။ သန်ခေါင်စာရင်းကောက်တုန်းက သူတို့မှာ လူမျိုးနာမည်ပြဿနာကြောင့် သန်ခေါင်စာရင်းမှာ ပါမသွားတဲ့ လူဦးရေစာရင်းကို ကျွန်တော်တို့ စစ်ဆေးကောက်ခံသွားမှာဖြစ်ပါတယ်။”ဟု ဝန်ကြီးဦးမင်းအောင်က ဇွန်လ ၅ ရက်နေ့က နိရဉ္စရာသို့ အတည်ပြုပြောသည်။
ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်အတွင်းက မြန်မာနိုင်ငံတစ်ဝန်း အစိုးရက သန်ခေါင်စာရင်းကောက်ခံခဲ့ရာ ရခိုင်ပြည်နယ်မြို့နယ်အချို့ရှိ ဘင်္ဂါလီများမှာ နိုင်ငံတွင်မရှိသည့်လူမျိုးတစ်မျိုး၏အမည်ကို အသုံးပြုခဲ့ကြသည့်အတွက် ယင်းတို့အား သန်ခေါင်စာရင်းတွင် ထည့်သွင်းခြင်းမရှိခဲ့ပေ။

“အခုကောက်တဲ့နေရာမှာ အဲလိုနာမည်မျိုးသုံးရင် ပြဿနာမရှိရအောင် ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်”ဟု ဝန်ကြီး ဦးမင်းအောင်က ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ပြည်နယ်လဝကဦးစီးဌာနတို့ကို ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်း လက်ခံဖြေဆိုခြင်းမရှိပါ။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသော ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖံွ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်မှုကော်မတီအဖွဲ့ဝင် ဝန်ကြီးများသည် ဇွန်လ ၁ ရက်က ရခိုင်ပြည်နယ်သို့ရောက်ရှိလာပြီးနောက် ဘင်္ဂါလီများအား ယခုကဲ့သို့ လူဦးစာရင်းကောက်ခံရန် ပြင်ဆင်လာခြင်းလည်းဖြစ်သည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate