ဆယ်နှစ်ကလေးကို အဓ္ဓမကျင့်ပြီး နှလုံးဖောက်ထုတ်သတ်သွားသည့် တရားခံကို ဖမ်းမိ -





By — BaHuThuTa
ဆယ်နှစ်ကလေးကို အဓ္ဓမကျင့်ပြီး နှလုံးဖောက်ထုတ်သတ်သွားသည့် တရားခံကို ဖမ်းမိ
- -- - - - - - -
ဒေသခံတွေက ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတဲ့အတွက် ရဲတပ်ဖွဲ့က ခက်ခက်ခဲခဲ ပြန်လည်ခေါ်ထုတ်ခဲ့ရပါတယ်။
ဘရာဇီးနိုင်ငံအတွင်း
ဆယ်နှစ်အရွယ်ကလေးငယ်တစ်ဦးကို အဓ္ဓမပြုကျင့်ရုံသာမက ရင်ခွဲပြီး
နှလုံးဖောက်ထုတ်သတ်သွားတဲ့ တရားခံကိုဖမ်းဆီးရမိခဲ့ပြီဖြစ်ပါတယ်။
ဘရာဇီးမြို့တော် ရီယိုဒီဂျနေးယိုးမြို့နဲ့ မိုင် ၄၄၀ လောက်ဝေးကွာတဲ့
မီနေ့စ်ဂီရေ့စ်အရပ်မှာ ဖြစ်ပွားခဲ့တာပါ။
အိမ်ကနေ
ကျောင်းကိုထွက်ခွါသွားခဲ့တဲ့ ကလေးငယ်မလေးကို ပစ်မှတ်ထားပြီး တရားခံဖြစ်သူက
ဒီလုပ်ရပ်ကျုးလွန်ခဲ့တာဖြစ်ပါတယ်။ ကလေးငယ်ပျောက်နေတဲ့အတွက် ရဲတပ်ဖွဲ့က
ရှာဖွေခဲ့ရာမှာတော့ ကြည့်ရက်စရာ မကောင်းတဲ့ မြင်ကွင်းနဲ့ သေဆုံးနေတဲ့
ရုပ်အလောင်းကို တွေ့ရှိခဲ့ကြပါတယ်။
အဓ္ဓမကျင့်ပြီး လူသတ်ခဲ့တဲ့ လူသတ်သမားကို ရှာဖွေရာခဲ့ပြီးနောက် အဆိုပါအမျိုးသားကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်ပွားခဲ့ရာ
နေရာနဲ့ သိပ်မလှမ်းမကမ်းမှာပဲ တွေ့ရှိခဲ့ကြတာဖြစ်ပြီး ဒေါသထွက်နေတဲ့
လူအုပ်ထဲက အဆိုပါအမျိုးသားကို ရဲတပ်ဖွဲ့က ခက်ခက်ခဲခဲ ခေါ်ထုတ်ခဲ့ရပါတယ်။
အစပိုင်းမှာ
ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီရိုင်းစိုင်းကြမ်းကြုတ်တဲ့ လူသတ်၊
အဓ္ဓမကျင့်မှုကို ကျူးလွန်ခဲ့ကြောင်း လိုပက်စ်ဆိုတဲ့ အဆိုပါအမျိုးသားက
ဝန်ခံခဲ့ပါတယ်။
Duwun
....
0 comments:
Post a Comment