ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာအနီး လက်နက်ကြီး/လက်နက်ငယ်သံများကြားရကာ ရွာသားနှစ်ဦးအား ဖမ်းဆီးခံထားရဟုဆို
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာ အနီးတွင် ဇွန်လ ၉ ရက်နေ့ ညနေ ၅ နာရီက လက်နက်ကြီးသံနှင့် လက်နက်ငယ်သံများ အဆက်မပြတ် ထွက်ပေါ်လာသဖြင့် ကျေးရွာသားများ အကြား အထူးစိုးရိမ်နေကြသည်ဟု ရွာသားများက နိရဉ္စရာသို့ ပြောသည်။
၎င်းပြင် ရွာသားနှစ်ဦးလည်း ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု သတင်းရရှိသည်။
” ညနေ ၅ နာရီကျော်လောက်က လက်နက်ကြီးသံတချက်ကြားပြီးနောက် သေနတ်သံအချက် ၅၀ လောက်ကြားရပါတယ်။ ရွာသားတွေကိုတော့ ရွာပြင်ကို မထွက်ခိုင်းတော့ပါဘူး။ ရဲကင်းက မိန်းမနဲ့ ကလေးတွေကိုတော့ ရွာထဲကို လာပို့ထားတာတွေ့ရပါတယ်။ ရွာနဲ့ ရဲကင်းက ကိုက် ၁၀၀ လောက်သာ ဝေးပါတယ်။ ဘာဖြစ်တယ်ဆိုတာတော့ သေချာမသိရသေးပါဘူး။ မိုးကလည်းရွာနေတော့ အပြင် ထွက်ခွင့်လည်း မပေးတဲ့ အတွက် ဘာဖြစ်နေတယ်ဆို မသိရဘဲ ဖြစ်နေပါတယ်။မနက်မိုးလင်းမှ အကြောင်းစုံ သိရမှာပါ”ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက နိရဉ္စရာ သတင်ဌာနသို့ ည ၁၀ နာရီကျော်အချိန်တွင်
ဖုန်းဖြင့် ဖြေကြားပါသည်။
နောက်ထပ် ရွာသား တစ်ဦးဖြစ်သူ ကိုခိုင်လင်းဆက်သွယ် မေးမြန်းရာ သူက “ကျနော် အကိုနဲ့ နောက်တစ်ယောက်ကို ဖမ်းထားပါတယ်။ နောက်တစ်ယောက် ဘယ်သူဆိုတာတော့ သေချာ မသိသေးပါဘူး။ ရွာအပြင်မှာ တွေ့လို့ဖမ်းထားတာလို့တော့ ပြောပါတယ်။ ညနေ ၅ နာရီကျော်လောက်က နယ်ခြားစောင့်ရဲ နဲ့ AA နဲ့ ဖြစ်တာလို့ သိရပါတယ်။ ဇွန်လ ၆ ရက်နေ့က အဆက်ထင်ပါတယ်။ နယ်ခြားစောင့် ရဲကင်းမှူး ပေါင်မှာ သေနတ်ဒဏ်ရာရသွားလို့ စစ်တွေဆေးရုံသို့ ယူသွားရတယ်လို့တော့ သိရပါတယ်။ ရွာသားတွေကိုတော့ ဘယ်မှ မသွားခိုင်းတော့ပါဘူး”ဟု ကိုခိုင်လင်းက ဆိုသည်။
ယခု ဖြစ်စဥ်မဖြစ်ပွားမီ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေကောင်းချောင်းကျေးရွားအနီးတွ
နိရဉ္စရာ သတင်းအနေဖြင့် အဆိုပါ သတင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော် မှ တာဝန်ယူ ဖြေကြားမည့်သူ မရှိသဖြင့် မေးမြန်း အတည်ပြုနိုင်ခြင်း မရှိပါ။
....
0 comments:
Post a Comment