Friday, 24 June 2016

ကျောက်တော်မြို့နယ် ကြာညိုပြင်ရွာတွင် ကျောင်းသူတစ်ဦးအား လည်ပင်းညှစ်သတ်ရန် ကြိုးပမ်းမှု ဖြစ်ပွား

Kyar-Nyo-Byin

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇွန် ၂၃

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ ၄ တန်းအရွယ် ကျောင်းသူတစ်ဦးအား လည်ပင်းညှစ်သစ်ရန် ကြိုးပမ်း တစ်ခု ဇွန်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း အပေါက်ဝရဲစခန်းက အတည်ပြုသည်။
ဖြစ်စဉ်မှာ ကြာညိုပြင်ကျေးရွာနေ ဦးလှဖြူ၏သမီး မ ———- (၁၂)နှစ်သည် ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က အဆိုပါကျေးရွာရှိ အလယ်တန်းကျောင်း၏ အနောက်ဘက်ရှိ အိမ်သာတွင် အပေါ့စွန့်၍ ပြန်လာစဉ် သူမ၏နောက်ဘက်မှ ဘင်္ဂါလီ တစ်ဦးက သူ့မအား ပါးစပ်ပိတ်ကာ လည်ပင်း ညှစ်သတ်ရန် ကြိုးပမ်းခဲ့ကြောင်း ကာယကံရှင်ကျောင်းသူနှင့် သူမ၏ မိသားစုဝင်များက ပြောသည်။
“သမီးလေးက ငိုပြီး ရုန်းလိုက်တော့ အဲဒီ ဘင်္ဂါလီက
ဝါးထရံကိုကျော်ပြီးတော့ ကျောင်းနောက်က ကောက်ရိုးပုံဘက်ကိုထွက်ပြေးသွားတယ်။ ဒါက ရည်စူးမှုပါနေတော့ အဲဒီဘင်္ဂါလီကို ဖော်ထုတ် အရေးယူပေးစေချင်ပါတယ်”ဟု ကျောင်းသူ၏ မိခင်ဖြစ်သူက နိရဉ္စရာသို့ပြောသည်။
ယခုဖြစ်စဉ်ကြောင့် ကျောင်းသူလေးတွင် တစ်စုံတရာ ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း၊ သို့သော် သေကြောင်း ကြံစည်မှု ဖြစ်သဖြင့် မသင်္ကာသည့် အသက် ၃ဝ ကျော်အရွယ် ဘင်္ဂါလီတစ်ဦးအား အပေါက်ဝရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း စခန်းက နိရဉ္စရာကို အတည်ပြုသည်။
“ ဖြစ်စဉ်က မှန်ပါတယ်။ စစ်ဆေးတုန်းဖြစ်လို့ နာမည်နဲ့ တခြားအသေးစိတ်ကို မသိရသေးပါဘူး”ဟု အပေါက်ဝရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အလားတူဖြစ်ရပ်မျိုးတစ်ခု ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ကလည်း ကြာညိုပြင်ကျေးရွာ အနီးရှိ အပေါက်ဝကျေးရွာ ရန်တားရပ်ကွက်သစ်တွင်ဖြစ်ပွားခဲ့ပြီး ယင်းအမှုကို ကျူးလွန်သည့် ဇော်ကီ ယာ (၂၅) နှစ်အား ကျောက်တော်မြို့မရဲစခန်းတွင် ဖမ်းဆီးအရေးယူထားကြောင်းလည်း သိရသည်။
ယခုလို ဖြစ်စဉ်မျိုး  အပေါက်ဝ ရဲစခန်းနယ်မြေတွင် တစ်ပတ် အတွင်း နှစ်ကြိမ် ဖြစ်ပွားခဲ့သဖြင့် အမှု တစ်ခုနှင့် တစ်ခု ဆက်စပ်မှု ရှိ/ မရှိ၊ မတည်ငြိမ်မှုများ ပေါ်ပေါက်ရန် မသမာသူများက ချိန်ကိုက်လှုပ်ရှားမှု ဟုတ် / မဟုတ်ကို သက်ဆိုင်ရာမှ စစ်ဆေးလျက် ရှိကြောင်း သိရသည်။
(ဓာတ်ပုံ – အခင်းဖြစ်ပွားခဲ့သည့် ကြာညိုပြင်ကျေးရွာရှိ အလယ်တန်းကျောင်းအား တွေ့ရစဉ်)
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate