Friday, 24 June 2016

လယ်သမားများထံမှ အဓမ္မငွေကြေး တောင်းယူနေမှုကို အထက် တာဝန်ရှိသူများ တားဆီးပေးစေလို

Farming,_Myanmar

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဇွန် ၂၂

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဂန်းဂျားကျေးရွာအုပ်စုတွင် လယ်သမားများ ဘဏ်ချေးငွေ ထုတ်ယူရာတွင် လယ်သမားတစ်ဦးထံမှ ၃၀၀၀ ကျပ်ကျစီ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက ငွေကောက်ခံနေသည့်အပြင် ပြေစာအတွက် ၅၀၀ ကျပ်စီ အဖြတ်ခံနေရသဖြင့် မရှိဆင်းရဲ လယ်သမားများ နစ်နာနေ၍ အထက်မှ မြို့နယ်အုပ်ချုပ်ရေးမှူးအနေဖြင့် စိစစ်ပေးစေလိုသည်ဟု ဂန်းဂျားကျေးရွာမှ အမည်မဖေါ်လိုသည့် လယ်သမားတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ တိုင်ကြားသည်။
“ဘဏ်က ချေးငွေ ထုတ်ယူတဲ့အခါ ပြေစာခအတွက်ပါ ဧကအလိုက် ဖြတ်ယူပြီးသားပါ။ အလွတ် အနေနဲ့ ပေးနေစရာမလိုပါဘူး။ ငွေ ၁၀-၂၀ ကျပ် ကျသင့်တာတစ်ခုကို ၅၀၀ ကျပ်တောင်းတယ်။ ယခင်နှစ်တွေကဆိုရင် လယ်သမားတစ်ယောက်ဆီက ခရီးစရိတ်အဖြစ် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတွေကို ၁၀၀၀ ကျပ်စီ ပေးကြရပါတယ်။ အခုနှစ်မှကျတော့ ၃၀၀၀ ကျပ်ထိ ပေးနေရတယ်
ဆိုတော့ ဒီလိုပွင့်လင်းလာတဲ့ ခေတ်ကြီးမှာ မဖြစ်သင့်တော့ပါဘူး။ ဒီလိုပုံစံမျိုး နောက်ထပ် မဖြစ်စေချင်လို့ တိုင်ကြားရတာပါ”ဟု အဆိုပါ လယ်သမားက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
အယင်အစိုးရလက်ထက်ခါကလည်း ယင်းကဲ့သို့ လယ်သမားများထံမှ ခေါင်းပုံဖြတ်မှုများရှိခဲ့ကြောင်း၊ ယခု အစိုးရလက်ထက်တွင် လယ်သမားများကို ခေါင်းပုံဖြတ်မှု ပပျောက်စေလိုသော်လည်း ပိုဆိုးလာကြောင်း၊ ယခုကဲ့သို့ အတင်းအဓမ္မမ ငွေတောင်းခံခြင်းသည် ဥပဒေနှင့်မညီညွတ်ကြောင်း၊ ယခု NLD အစိုးရလက်ထက်တွင် အဂတိလိုက်စားမှု ကင်းရှင်းရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြောထားကြောင်း၊ ကျေးလက်များတွင် တိုင်ကြားမည့်သူမရှိ၍ အဂတိလိုက်စားမှု ပိုဆိုးကြောင်း၊ ဤအကြောင်းအရာများကို မြို့နယ် အုပ်ချုပ်ရေးမှု သိရှိသွားလျှင် ဆုံးမနိုင်မည်ဖြစ်၍ ယခုကဲ့သို့ တိုင်ကြားရခြင်းဖြစ်သည်ဟု အဆိုပါ လယ်သမားက ပြောသည်။
သို့သော် ဂန်းကျားကျေးရွာအုပ်ချုပ်ရေးမှူးကို နိရဉ္စရာသတင်းဌာနအနေဖြင့် အဆက်အသွယ် မရရှိခဲ့သဖြင့် ဤအဖြစ်အပျက် ဟုတ် မဟုတ် အတည်မပြုနိုင်သေးပါ။
ရခိုင်ပြည်နယ်တွင် မြို့နယ်အသီးသီးမှ လယ်သမားများအနေဖြင့် ဘဏ်ချေးငွေ ထုတ်သည့်ကာလတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ငွေထုတ်ပေးနေသည့် အဖွဲ့အစည်းအချို့မှ တာဝန်ရှိသူ အချို့၏ အဓမ္မ ငွေကြေး ကောက်ခံမှုကို ခံနေရသည်ဟု နိရဉ္စရာသတင်းဌာန အနေဖြင့် လေ့လာသိရှိရသည်။
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate