Thursday, 23 June 2016

ထိုင်း-မြန်မာ အလုပ်ခန့်မှုဆိုင်ရာ သဘောတူညီချက်အသစ် လက်မှတ်ထိုးမည်

ထိုင်းနိုင်ငံ ငါးလုပ်ငန်းခွင်တခုမှ မြန်မာအလုပ်သမားများ (ဓာတ်ပုံ - ရိုက်တာ) ထိုင်းနိုင်ငံ ငါးလုပ်ငန်းခွင်တခုမှ မြန်မာအလုပ်သမားများ (ဓာတ်ပုံ - ရိုက်တာ)
ဒီနေ့ စတင်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် အသစ်တရပ်ကို လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ နိုင်ငံပိုင်သတင်းစာ အယ်ဒီတာ့ အာဘော်က ရေးသား ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း လုပ်သားများ တရားမဝင်လုပ်ကိုင်နေခြင်းကို လျော့ချရန် ဒီသဘောတူညီချက်အသစ်ကို လက်မှတ်ထိုးမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်ဘက် လက်မှတ်ထိုးမယ့် အလုပ်ခန့်ထားမှုသဘောတူညီချက်အသစ်အရ မြန်မာရွှေ့ပြောင်းလုပ်သား များရဲ့
တရားဝင်ရပိုင်ခွင့်များကို မြှင့်တင်ဖော်ဆောင်ပေးနိုင်မယ်လို့ သတင်းစာက ရေးသား ဖော်ပြပါတယ်။
ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေပြဋ္ဌာန်းချက်များအရ မြန်မာရွှေ့ပြောင်းလုပ်သား များဟာ အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းကုန်ဆုံးပါက အလုပ်လုပ်ခွင့်ပါမစ် ပြန်လည်ရရှိရန် စောင့်ဆိုင်း ကာလအဖြစ် ၃ နှစ်သတ်မှတ်ထားပါတယ်။
အခုလက်မှတ်ရေးထိုးမယ့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်အသစ်အရ စောင့်ဆိုင်းကာလအား ၃ နှစ်မှ ရက် ၃ဝ သို့ လျော့ချသတ်မှတ်သွားမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အတွင်း လုပ်ငန်းခွင်ဆိုင်ရာ နားလည်မှု စာချွန်လွှာတရပ်ကိုလည်း နှစ်ဘက် လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။
အဲဒီ နားလည်မှုစာချွန်လွှာအရ ပညာရပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့် လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများအား ဖော်ဆောင်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဇွန် ၂၃ ကနေ ၂၅ ရက်အထိ ၃ ရက်ကြာ ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate