မွန်ပြည်နယ် ကျောက်မိုင်း လုပ်ငန်း ဒေသခံ ၅ဝဝ ကျော် ဆန္ဒပြ
![]() |
အနီးအနားက လယ်မြေတွေ၊ ရေတွင်း ရေကန်နဲ့ အဆောက် အဦးတွေ ပျက်စီးနေ တာကြောင့် ကျောက်မိုင်း လုပ်ငန်းကို ပိတ်သိမ်းပေးဖို့ ဆန္ဒပြ တောင်းဆိုတာလို့ ဥတ္တံတား ကျေးရွာသား ကိုဇော်ထွေး က ပြောပါတယ်။
"ဒီမှာအခုဆိုရင် ကျနော်တို့က လယ်တွေလည်းပျက်ထားပြီးပြီ၊ ဥယာဉ်ခြံတွေဆိုရင်လည်း တချို့ခြံတွေ ပျက်နေတယ်၊ သာသနိကအဆောက်အဦးတွေလည်း အက်ကြောင်းတွေဖြစ်နေတာဆိုတော့ ပျက်စီးမှု ကတော့ တော်တော်များနေပါတယ်၊ ကျနော်တို့ကတော့ ရည်ရွယ်ချက်မများဘူး၊ တစ်ခုတည်းပဲ ပြည်သူတွေ အတွက် ဘယ်လိုမှကောင်းကျိုးမဖြစ်လာနိုင်တဲ့ ဒီကျောက်မိုင်းကို ကျနော်တို့ပြည်နယ်ကရပ်တန့်ဖို့ တစ်ခုပဲ၊ ပိတ်သိမ်းဖို့ အဲ့တစ်ခုတည်းပဲ ကျနော်တို့က ဦးတည်ပါတယ်"
ဆန္ဒပြရွာသားတွေဟာ ဥတ္တံတားရွာကို တစ်ပတ်လမ်းလျှောက်ပြီး Long Life Aggregate Mining ကုမ္ပဏီရှေ့မှာ လည်း ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲဒီကုမ္ပဏီဟာ အခုဇွန်လကုန်ပိုင်းမှာ လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ် လုပ်ကိုင်ခွင့် ထပ်မပေးဖို့ကိုလဲ တောင်းဆိုတာဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ဥတ္တံတားကျေးရွာ အနီးက ကုလားမတောင်မှာ ကျောက်မိုင်းထုတ်လုပ်နေ တာဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာဌာနတွေဆီ ကန့်ကွက်စာ အစောင် ၅၀ ကျော် တင်ထားပေမယ့် အခုချိန်ထိ ဖြေရှင်းမပေးသေးဘူးလို့ ရွာသား တွေက ပြောပါတယ်။
အဲဒီကျောက်မိုင်းကြောင့် ကျေးရွာရဲ့သောက်သုံးရေနဲ့ လယ်မြေ၊ ဥယျာဉ်တွေအတွက် လိုအပ်တဲ့ ရေအရင်း အမြစ်တွေ ပျက်စီးသွားနေသလို ချောင်းတွေမှာလဲ သဲတွေဖုန်းလွှမ်းပျက်စီးနေတယ်လို့ ပြောပါတယ်။
RFA-Myanmar....



0 comments:
Post a Comment