Friday, 26 August 2016

ရခိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ဒေါက်တာ ရင်ရင်နွယ် သုံးသပ်ချက်

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ HRW ကနေ ထုတ်ပြန်တဲ့ "ဆုတောင်းရုံက လွဲပြီး ဘာမှ မလုပ်နိုင်ဘူး" ဆိုတဲ့ အစီရင်ခံစာကို လက်မခံဘူးလို့ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ပြောလိုက်ပါ တယ်။ နိုင်ငံတော် စီးပွားရေးနဲ့ လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာ ရင်ရင်နွယ်ဟာ တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ ဌာနေ ကိုယ်စားလှယ်အဖြစ်နဲ့လည်း ၂၁ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီးတော့ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်အဖြစ် သက်ဆိုင်ရာ ဒေသတွေ ဆီကို ကွင်းဆင်းလေ့လာပြီးတော့ အစီရင်ခံစာ ပြုစုရာမှာ ပါဝင်ခဲ့ပါတယ်။ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဒေါက်တာ ရင်ရင်နွယ်ကို ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းချိန်အတွင်း HRW အဖွဲ့ရဲ့ အစီရင်ခံစာအပေါ် သူ့ရဲ့သဘောထားကို မေးမြန်းတာမှာတော့ ဒေါက်တာ ရင်ရင်နွယ်က အခုလို စပြီး ဖြေပါတယ်။


 ဖြေ။ ။ ကျမအနေနဲ့ ပြောမယ်ဆို- သူတို့ပြောတာကို ကျမ ငြင်းပယ်ပါတယ်။ Human Rights Watch ကလည်း အမြဲ တရားမျှမျှတတ မရှိပါဘူး။ ကျမ နိုင်ငံအလိုက်တော့ မပြောချင်ဘူးပေါ့။ ဒါပေမဲ့ တချို့နိုင်ငံတွေဟာ လူ့အခွင့်အရေး ချိုးဖောက်တဲ့နိုင်ငံတွေ အများကြီး ရှိတယ်။ သူတို့ အဲဒီနိုင်ငံတွေကို လက်ညှိုးမထိုးဘူး။ တချို့နိုင်ငံတွေ၊ တချို့အစိုးရတွေကိုပဲ လက်ညှိုးထိုးတယ်။ ကျမတို့အနေနဲ့လည်း Human Rights Watch က UN အဖွဲ့ အစည်းလည်း မဟုတ်ဘူး၊ UN အဖွဲ့အစည်း ဖြစ်တာတောင်မှ ကျမတို့ နိုင်ငံက အင်္ဂလိပ်လို ခေါ်တဲ့ Sovereignty ဆိုတာ ရှိတယ်။ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်-ရှိတယ်လေ။ အဲဒီတော့ ဂရုစိုက်စရာ မလိုပါဘူး။ ဒါပေမဲ့ မှားနေတယ်။

အရင်တုန်းက UN ပေါ့လေ။ ကျမတို့ ပြောလွန်းလို့ UN က အဲဒီလို မလုပ်တော့ဘူး။ ကင်တားနားတို့ ဘာတို့ဆိုလို့ရှိရင် သူတို့က တဘက်ကိုပဲ အင်တာဗျူးလုပ်တယ်။ ရခိုင်ဘက်ကို ဘယ်တော့မှ သွားပြီး မတွေ့ဘူး။ http://burmese.voanews.com/content/ra.......

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate