Tuesday, 9 August 2016

ထိုင်းစစ်တပ်ရေးဆွဲသည့် အခြေခံဥပဒေမူကြမ်းကို ထိုင်းလူထု ထောက်ခံ

အခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲတွင် ထိုင်းဝန်ကြီးချုပ် မဲပေးနေစဉ်။ (ဓာတ်ပုံ - ရိုက်တာ) အခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲတွင် ထိုင်းဝန်ကြီးချုပ် မဲပေးနေစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
လာရောက်မဲပေးသူ ၆၀ ရာခိုင်နှုန်းကျော်က ဒီအခြေခံဥပဒေကြမ်းကို ထောက်ခံခဲ့ကြပြီး ဒီအခြေခံဥပဒေကြောင့် နိုင်ငံရေးတည်ငြိမ်မှု ပြန်ရရှိလာမယ်လို့ ပြောဆိုကြပါတယ်။
ဒီအခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်သူတွေကတော့ ဒီအခြေခံဥပဒေကို ကိုင်ပြီး စစ်တပ်က နိုင်ငံရေးမှာ ပိုပြီးချုပ်ကိုင်လာမယ်လို့ ပြောဆိုကြပါတယ်။

မဲပေးခွင့်ရှိသူထက် လာရောက်မဲပေးသူဦးရေ လျော့နည်းခဲ့ပေမယ့် လူထုဆန္ဒခံယူပွဲ အချက်တချက်ဖြစ်တဲ့ ထိုင်းစစ်တပ်က ခန့်အပ်တဲ့ အထက်လွှတ်တော်က ထိုင်းဝန်ကြီးချုပ်ကို ရွေးချယ်ခန့်အပ်မှုမှာ ပါဝင်ရမယ်ဆိုတဲ့ အချက်ကိုလည်း မဲပေးသူ ၅၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ပါတယ်။
ဒီလူထုဆန္ဒခံယူပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကိုလည်း ထိုင်းစစ်တပ်က ခွင့်မပြုခဲ့သလို ဒီအခြေခံဥပဒေကြမ်းကို ဆန့်ကျင်ကန့်ကွက်သူ ၁၀ ဦးကျော်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ထိုင်းနိုင်ငံရေးပါတီကြီးတွေကလည်း ဒီအခြေခံဥပဒေကြမ်းကို ပယ်ချထားကြပါတယ်။
လူထုဆန္ဒခံယူပွဲ ကျင်းပချိန်မှာ လုံခြုံရေးအင်အား ၂ သိန်းလောက် ချထားခဲ့ပြီး ဆန္ဒပြ ဖမ်းဆီးမှု သတင်းတွေလည်း မရရှိခဲ့ပါဘူး။
ထိုင်းတက္ကသိုယ်ကျောင်းသားတွေကတော့ ဒီအခြေခံဥပဒေကြမ်းကို ဆက်လက်ကန့်ကွက်သွားမှာဖြစ်ပြီး ပြန်ပြီးပြင်ဆင်ဖို့လည်း ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုကြပါတယ်။
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate