Tuesday, 9 August 2016

ရန်ကုန်တိုင်း တရားစီရင်ရေး ဥပဒေစိုးမိုးရေးကော်မတီကို လယ်ယာမြေကိစ္စ တိုင်ကြားမှု အများဆုံးရောက်ရှိ

13920667_1431451800214700_6391274762213465841_n
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး ဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာများ အသနားခံစာများစိစစ်ရေးကော်မတီမှာ အများဆုံးရရှိတဲ့ အသနားခံစာတွေကတော့ လယ်ယာမြေနဲ့ ပတ်သက်တဲ့အသနားခံစာတွေများတယ်လို့ ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးမြင့်လွင်က ပြောပါတယ်။
ကော်မတီဖွဲ့စည်းပြီး သုံးလအကြာမှာ ရရှိတဲ့ တိုင်ကြားစာ အသနားခံစာ တစ်ထောင်ကျော်မှာ လေးရာကျော်က လယ်ယာမြေနဲ့ ပတ်သက်တဲ့ အသနားခံစာတွေလို့ ဆိုပါတယ်။
လယ်ယာမြေသိမ်းဆည်းခံထားရတာတွေကြောင့် ပြန်လည်လိုချင်တဲ့ လယ်သမားတွေ ဒါးမဦးချ လုပ်ကိုင်ခဲ့တဲ့ မြေတွေဟာ လယ်မလုပ်ရပဲ စီးပွားရေးသမားတွေ လက်ထဲကိုရောက်သွားတာ တွေကို ပြန်လည်ရရှိဖို့ လွှတ်တော်ကို အကူအညီတောင်းတဲ့ အသနားခံစာကများပါတယ်လို့ ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။
လယ်ယာမြေနဲ့ ပတ်သက်တဲ့ အသနားခံစာတွေအပြင် တရားရုံးတွေရဲ့ တရားစီရင်ရေးကို မကျေနပ်တဲ့ တိုင်ကြားတွေစာတွေလဲပါဝင်သလို နောက်တစ်ခုကတော့ မှတ်ပုံတင်လုပ်တာ အိမ်ထောင်စုစာရင်း မွေးစာရင်းတိုးတာတွေနဲ့ပတ်သက်ပြီး အခက်အခဲရှိနေတာတွေကို တိုင်ကြားထားတဲ့စာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒီလိုတိုင်ကြားစာတွေကို ကော်မတီက စိစစ်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ မှတဆင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို တင်ပြပြီး တိုင်းအစိုးရအဖွဲ့က အရေးယူဆောင်ရွက်စရာ ရှိတာတွေကို ဆက်လက်ဆောင်ရွက်တာဖြစ်ပါတယ်။
အုပ်ချုပ်ရေး တရားဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာများ အသနားခံစာများစိစစ်ရေးကော်မတီအနေနဲ့ ရောက်ရှိလာတဲ့ တိုင်ကြားစာ အသနားခံစာတွေနဲ့ ပတ်သက်ပြီး စိစစ်ဆုံးဖြတ်ပိုင်ခွင့်မရှိပဲ ခေါ်ယူကြားနာမှုတွေသာ ပြုလုပ်ခွင့်ရှိပြီး အရေးယူဆောင်ရွက်တာတွေကို တိုင်းအစိုးရအဖွဲ့ ကသာ ဆောင်ရွက်ခွင့်ရှိတယ်လို့ သိရပါတယ်။
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate