Thursday, 15 September 2016

တရားမ၀င် အလုပ်သမား ဖမ်းဆီးမှုတွင် မြန်မာအများဆုံး ပါဝင်



ထိုင်းနိုင်ငံမှာ တရားမ၀င် အလုပ်သမား ဖမ်းဆီး နှိမ်နင်း မှုတွေနဲ့ ပတ်သက်ပြီး ၁၁ လတွင်း အနှစ်ချုပ် စာရင်းကို ထုတ်ပြန် ရာမှာ မြန်မာရွှေ့ပြောင်း အလုပ် သမားတွေ အများဆုံး ဖြစ်နေ ပါတယ်။

ထိုင်းနိုင်ငံ တည်ငြိမ် အေးချမ်းရေး ကောင်စီ (စစ်အစိုးရ) ရဲ့ ညွှန်ကြားချက် အရ သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့တွေက လုပ်ငန်းခွင် တွေကို ကွင်းဆင်း စစ်ဆေးခဲ့ရာ ၂၀၁၅ အောက်တိုဘာ ၁ ရက်ကနေ ၂၀၁၆ သြဂုတ် ၃၁ ရက်ထိ ၁၁ လတာ ကာလ အတွင်း တရားမ၀င် အလုပ်သမား ၂၉၄၄ ဦးနဲ့ တည်ဆဲ ဥပဒေ မလိုက်နာတဲ့ အလုပ်ရှင်ပေါင်း ၄၈၁ ဦးကို အရေးယူ ခဲ့တယ်လို့ ထိုင်း အလုပ် သမား ၀န်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် နိုင်းအာရတ် ဖရုမ်း မနီးက သတင်းထောက် တွေကို ထုတ်ပြန် ပြောဆို ပါတယ်။

ဘန်ကောက်ခရိုင်က လုပ်ငန်းခွင်ပေါင်း ၂၉၈၈ နေရာမှာ ၀င်ရောက်စစ်ဆေးပြီး အလုပ်ရှင်ပေါင်း ၂၁၇ ဦးနဲ့ အလုပ်သမားပေါင်း ၁၂၉၈ ဦးကို အရေးယူခဲ့ကာ အလုပ်သမားတွေမှာ မြန်မာနိုင်ငံသား ၆၇၅ ဦး၊ လာအိုနိုင်ငံသား ၈၈ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၃၈၁ ဦးနဲ့ အခြားနိုင်ငံသား ၁၅၄ ဦးဖြစ်တယ်လို့ ဆိုပါတယ်။

အခြားခရိုင်တွေမှာတော့ လုပ်ငန်းခွင်ပေါင်း ၂၆၃၈ နေရာက အလုပ်ရှင် ၂၆၄ ဦး၊ အလုပ်သမား ၁၆၄၆ ဦးတို့ကို အရေးယူခဲ့ပြီး အလုပ်သမားတွေက မြန်မာ ၉၃၉ ဦး၊ လာအို ၁၂၀ ဦး၊ ကမ္ဘောဒီးယား ၃၇၀ ဦးနဲ့ အခြားနိုင်ငံသား ၁၂၇ ဦးတို့ ပါဝင်ပါတယ်။


ထိုင်းနိုင်ငံရဲ့ ၁၉၉၉ ခုနှစ် အလုပ်သမားဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်ကြမ်းနဲ့ အိမ်ဖော်အမျိုးအစားထဲပါဝင်တဲ့ အခြေခံအလုပ် ၂၄ မျိုးကိုသာ လုပ်ခွင့်ရှိတယ်လို့လည်း ထိုင်းအလုပ်သမားညွှန်ချုပ်က ပြောသွားပါတယ်။

ဓာတ်ပုံ - Ye Min

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/168346....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate