Thursday, 9 February 2017

အသက်မပြည့် မိန်းကလေးများကို နိုင်ငံခြားသားများနှင့်လိင်ပျော်ပါးခိုင်းသူကို ထောင်ဒဏ် ၁၅ နှစ်ချ

နိုင်ငံခြားသားများနဲ့ လိင်ပျော်ပါးဖို့အတွက် အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်အချို့ကို စေခိုင်းခဲ့တဲ့ အမျိုးသမီးကို ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ လူကုန်ကူးမှု ဥပဒေ ပုဒ်မ ၂၄ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။
အသက် ၁၃ နှစ်သာရှိသေးတဲ့ မိန်းကလေး တဦးအပါအဝင် မိန်းကလေး ၅ ဦးကို ရန်ကုန်မြို့ရှိ ညကလပ်များကို လာရောက်လည်ပတ်တဲ့ (တရုတ်၊ ဂျပန်၊ ကိုရီးယား စတဲ့) နိုင်ငံခြားသားများထံ ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့တဲ့ အသက် ၅၂ နှစ်အရွယ်ရှိ မဝေ (ခ) ဝေဝေဦးကို လူကုန်ကူးမှုဖြင့် တောင်ဥက္ကလာပရဲစခန်းမှာ တရားလို ဒုရဲမှူးဝင်းနိုင်ဦးက ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက အမှုဖွင့် အရေးယူထားတာပါ။

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် အမှတ် (၅) ရပ်ကွက်နေ မဝေဝေဦးဟာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦအပါအဝင် မိန်းကလေး ၅ ဦးကို ၄င်း၏ နေအိမ်မှာထားပြီး ညဘက်တွင် သိမ်ကြီးဈေးရှိ အင်ပါယာနိုက်ကလပ်ကို ပို့ဆောင်ကာ ကလပ်ကို လာရောက်တဲ့ နိုင်ငံခြားသားများက ပျော်ပါးလိုကြောင်း ပြောရင် ဟိုတယ်၊ မိုတယ်များသို့ ပို့ကာ တဦးကို ငွေကျပ် ၈၀၀၀၀ ယူကာ မိန်းကလေးများကို ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့တာပါ။
အမည်မဖော်လိုသူ နိုင်ငံခြားသားတဦးက SAVE THE CHILDREN ကို သတင်းပေးတာကြောင့် စုံစမ်းစစ်ဆေးရာ တရားခံနဲ့ ခိုင်းစေခံရသူ မိန်းကလေးများကို တရားခံရဲ့ နေအိမ်မှာပဲ ဖမ်းဆီးနိုင်ခဲ့တာပါ။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားမှုအရ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရတဲ့ မိန်းကလေးတွေဟာ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒလ၊ ကွမ်းခြံကုန်း၊ ဒဂုံတောင် စတဲ့မြို့နယ်တွေက ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ – ပြည့်ဘုန်းအောင်
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate