Tuesday, 21 February 2017

သိမ်းဆည်းခံ လယ်ယာမြေများအတွက် သီးနှံလျော်ကြေးရရှိရန် လက်ပံတောင်းဒေသခံများ ဆန္ဒပြ

 By ဒီဗွီဘီ 21 February 2017 စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းမှ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေအတွက် သီးနှံလျော်ကြေးမရသေးတဲ့ကိစ္စ ဖြေရှင်းပေးဖို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေက ဒေသခံတောင်သူတွေ ဆန္ဒပြနေကြပါတယ်။ မုံရွာ-ပုသိမ်လမ်းမကြီးမှာ သိမ်းဆည်းခံလယ်ယာမြေအတွက် သီးနှံလျော်ကြေးရရှိဖို့ တောင်းဆိုနေပြီး ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့ကို သွားရောက် ဆန္ဒပြမယ်လို့လည်း သိရပါတယ်။ လယ်ယာမြေသိမ်းဆည်းခံရတဲ့ မိုးကြိုးပြင်ကျေးရွာမှ ကိုဖိုးလပြည့်က “ကျနော်တို့ တောင်သူတွေအနေနဲ့ လယ်ယာမြေမရှိတော့ သူများအလုပ်တွေမှာ လိုက်လုပ်ရတယ်။ ဥပမာ ပန်းရန်၊ လက်သမား၊ နောက်ဆုံး အထမ်းအပိုးကအစ ထမ်းရတယ်။ စားဝတ်နေရေးကလည်း ကျပ်တည်းနေပြီ။ အဲဒီတော့ မခံနိုင်တဲ့အဆုံးမှာတော့ လမ်းပေါ်ထွက်ရတာပဲ။ အခုလို လမ်းပေါ် ထွက်တောင်းဆိုရတာလည်း သီးနှံလျော်ကြေးကိစ္စအတွက်
အမှန်တကယ်ဖြေရှင်းဆောင်ရွက်ပေးမယ့် ကုမ္ပဏီကသော် လည်းကောင်း၊ အုပ်ချုပ်သူအာဏာပိုင်ဘက်ကသော် လည်းကောင်း ဒေသခံတွေရှေ့မှာ လာရောက်ဖြေရှင်းပေးဖို့အတွက်ပါ “လို့ ပြောပါတယ်။ သီးနှံလျော်ကြေးအတွက် တောင်းဆိုရာမှာ ဒေသခံကျေးရွာတွေဖြစ်တဲ့ မိုးကြိုးပြင်၊ ဆည်တဲ၊တုံ စတဲ့ ကျေးရွာများမှ ရွာသူရွာသားများ ပါဝင်ကြပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်းတောင် အစီရင်ခံစာကို လေးစားလိုက်နာဖို့လည်း ထည့်သွင်းတောင်းဆိုခဲ့ကြပါတယ်။ အခုလို လမ်းတလျှောက်မှာ တောင်းဆိုမှုများ ပြုလုပ်ရာမှာ မုံရွာ-ပုသိမ်လမ်းမ ပိတ်ဆို့သွားခဲ့ပြီး ကုမ္ပဏီကား ၄၀၀ နီးပါးလည်း ပိတ်ဆို့နေပါတယ်။ သတင်း – ရန်နိုင်စိုး


....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate