Thursday, 17 August 2017

မြန်မာအိမ်အကူရဲ့လစာကို တစ်နှစ်နီးပါးမပေးတဲ့ စင်ကာပူအိမ်ရှင် အမှုဖွင့်ခံရ

စင်ကာပူအိမ်အကူအေဂျင်စီတစ်ခုမှာ တွေ့ရတဲ့ ပြည်ပ အိမ်အကူဝန်ထမ်းများ
သြဂုတ် ၁၇ – အသက် ၃၀ အရွယ် စင်ကာပူအမျိုးသမီးတစ်ယောက်ဟာ မြန်မာအိမ်အကူရဲ့လစာကို တစ်နှစ်နီးပါး ပေးဖို့ပျက်ကွက်မှုနဲ့ အင်္ဂါနေ့က စွဲချက်တင်ခံခဲ့ရပါတယ်။
လီဂျန်းဟာ မတ် ၇၊ ၂၀၁၆ ကစပြီး ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇ အထိ စုစုပေါင်းလစာ စင်ကာပူဒေါ်လာ ၅၇၀၀ပေးဖို့နဲ့ နားရက်ပေးဖို့ ပျက်ကွက်မှုစွဲချက် ၁၃ ခုနဲ့ ရင်ဆိုင်နေရကြောင်း စင်ကာပူလူ့စွမ်းအားဝန်ကြီးဌာန (MOM) က ကြာသပတေးနေ့က ထုတ်ပြန် ခဲ့ပါတယ်။
အခုဆိုရင် သူဟာ ပြည်ပအိမ်အကူခေါ်ခွင့် ပိတ်ပင်ခံရပြီးဖြစ်ကြောင်း MOM က ဆက်ပြောပါတယ်။
လီရဲ့အမှုကို စက်တင်ဘာ ၁၂ ရက်မှာ ကြားနာမှာဖြစ်ပါတယ်။ တကယ်လို့ ပြစ်မှုထင်ရှားရင် သူဟာ စင်ကာပူဒေါ်လာ ၁၀၀၀၀ အထိ ဒဏ်တပ်ခံရမှာဖြစ်ပြီး အမှုတစ်ခုစီအတွက် အမြင့်ဆုံး ၁၂ လစီ ထောင်ဒဏ်ကျခံရမှာဖြစ်ပါတယ်။
MOM ရဲ့အဆိုအရ ပြည်ပအိမ်အကူတစ်ယောက်ကို လစာထုတ်ပေးရာမှာ လစာထုတ်ပေးတဲ့ကာလ (တစ်လထက်မကျော်ရ) ရဲ့နောက်ဆုံးနေ့အပြီး ၇ ရက် ထက်ပိုပြီး နောက်ကျလို့ မရပါဘူး။
အလုပ်ရှင်တွေဟာ လစဉ် လစာပေးစာရင်းကို သိမ်းဆည်းထားရမှာဖြစ်ပြီး ပြည်ပအိမ်အကူတွေကနေ လစာလက်ခံရရှိကြောင်း စာနဲ့သဘောတူချက်ကို ရယူထားရပါမယ်။
ပြည်ပအိမ်အကူတွေအနေနဲ့ လစာမရရင် ဒီကိစ္စကို အကူအညီတောင်းခံသင့်ပြီး အလုပ်ရှင်ကို ချက်ခြင်းပြောသင့်တယ်လို့ ၀န်ကြီးဌာနက ပြောပါတယ်။ တကယ်လို့ ပြဿနာက ဆက်လက်ဖြစ်ပေါ်နေရင် MOM ကို တိုင်ကြားနိုင်သလို အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီဆီက အကူအညီကို ရယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။
လစာမရတဲ့ ပြည်ပအိမ်အကူတစ်ယောက်ယောက်အကြောင်း သိရှိသူမှန်သမျှဟာ MOM ကို အီးမေးလ်ကတဆင့်ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းလည်း သိရပါတယ်။

စုပြည့်စုံ
ref: CNA, Aug 17th
http://www.kumudranews.com/news/

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate