Thursday, 17 August 2017

စလင်းမြို့နယ်တွင် မြစ်ရေတိုက်စားမှုကြောင့် အိမ်ခြေပေါင်း ၁၇၅ အိမ် ပြောင်းရွှေ့ရ

salin flood 17082017 E
ဧရာဝတီမြစ်ရေတိုက်စားခဲ့တာကြောင့် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၊ ဆင်မကျွန်းအုပ်စုက ရေလည်စုကျေးရွာနဲ့ ချင်းပစ်ကျေးရွာက အိမ်ခြေပေါင်း ၁၇၅ အိမ် ပြောင်းရွှေ့ခဲ့ရပါတယ်။
ဧရာဝတီမြစ်ရေ တိုက်စားခဲ့တာကြောင့် မြစ်ကမ်းပါးတွေဟာ ဇူလိုင်လဆန်းပိုင်းကတည်းက ဆက်တိုက်ပြိုကျနေတာပါ။
ဆင်မကျွန်းဟာ မြစ်ကျိုးအင်းတခုလို ဖြစ်နေတာကြောင့် ရေစီးဝင်လာတဲ့နေရာကို ပိတ်ပေးနိုင်ရင် ကမ်းပါးတွေပြိုတာ သက်သာနိုင်တယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မြစ်ကမ်းပါးတွေပြိုတာ ၅ နှစ်လောက်အတွင်းမှာ နှစ်ခါလောက်ရှိပြီး အိမ်ဝိုင်းမြေနေရာ တကွက်ကို ၁၂ သိန်းပေးရတဲ့ ကိုင်းမြေတွေလည်း ကမ်းပါးပြိုတဲ့အထဲ ပါသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဒေသမှာ မြစ်ကမ်းပါးပြိုတာ နှစ်စဉ် ကြုံတွေ့နေရတဲ့ ပြဿနာတခုဖြစ်ပြီး ရေရှည်အတွက် မြစ်ကမ်းပါး ထိန်းသိမ်းရေး သီးသန့်ဘတ်ဂျက်ရရှိဖို့ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စလင်းမြို့နယ် အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
မြစ်ကမ်းပါးတွေ စပြိုစဉ်က တအိမ်ထောင်ကို လူ/ကယ်ပြန် ဝန်ကြီးဌာနက  ငွေကျပ် ၁ သိန်းနဲ့ တပတ်စာ ဆန် ထောက်ပံ့ပေးခဲ့ပြီး အခုနောက်ပိုင်းမှ ပြောင်းရွှေ့နေရတဲ့ အိမ်ထောင်စုတွေအတွက် ဆက်လက် တင်ပြထားတယ်လို့ သိရပါတယ်။
http://burmese.dvb.no/archives/224503

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate