Saturday, 11 November 2017

ကျပ်ငွေ ၁၂ သိန်းယူကာ ကျေအေးသည့် အုန်းတောကြီးမြောက် သက်ငယ်မုဒိမ်းမှု အာဏာပိုင်များ စစ်ဆေးစေလို

နိရဉ္စရာ၊ နိုဝင်ဘာ ၁၁
 ရခိုင်ပြည်နယ် စစ်တွေမြို့ အုန်းတောကြီး(မြောက်) မူဆလင် ဒုက္ခသည်စခန်းတွင် အသက် (၁၂) အရွယ်မိန်းခလေး တစ်ဦးအပေါ် ကျူးလွန်ခဲ့သည့် သက်ငယ် မုဒိမ်းမှုကို ကျပ်ငွေ ၁၂ သိန်းယူပြီး ပြေလည်အောင်ဆောင်ရွက်ခဲ့မှု အပေါ် ဥပဒေအညီ ဖြစ်စေရန် အထက်အာဏာပိုင်များက ပြန်လည် စစ်ဆေး ပေးစေလိုသည်ဟု စခန်းတွင်းမှ လူကြီး တစ်ဦးက ပြောသည်။

“ ဒီသက်ငယ်မုဒိမ်းမှုကို ကျပ် ၁၂ သိန်းယူပြီး ပြေလည်စေခဲ့ပါတယ်။ ဒါဟာ မဖြစ်သင့်ပါ။ အခုလို လုပ်တာကို အရေးမယူနိုင်ဘူးဆိုရင် အဲဒီမိန်းခလေးလို တစ်ခြားမိန်းခလေးတွေကိုလည်း လုပ်လာနိုင်တဲ့ အတွက် ထုတ်ဖော်ပြောဆိုရတာပါ” ဟု စခန်းတွင်းမှ အဆိုပါ လူကြီးက ဖုန်းဆက် ပြောကြားသည်။
(ဘ) ဦးမောင်ကျော်လှ (ခ) အဘူလူဆောင်(မိ) ဘန်ဒူတို့၏ သမီး *** (၁၂) နှစ်အား ကစားနေရာမှ မုန့်ဝယ်ကျွေးရန်ဟု ဆိုကာ အဆောင် (၁၁၄)၊ အခန်း (၈)နေ အသက် ၄၀ အရွယ်ရှိ ဘင်္ဂလီလူမျိုး *** မှ ခေါ်ဆောင်ပြီး အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့သည်ဟု သူက ပြောကြားသည်။

ဦးမောင်ကျော်လှ (ခ) အဘူလူဆောင်နှင့် ဇနီးဖြစ်သူ ဘန်ဒူတို့ မိသားစုမှာ ကယ်ဆယ်ရေး စခန်းတွင် နေရာမရဘဲ ကယ်ဆယ်ရေးစခန်း ယာယီဈေးတွင် နေထိုင်သူများ ဖြစ်ကြသည်ဟု ဆိုသည်။

“ ဖြစ်တာက သုံးလေးရက်လောက်ရှိပါပြီ။ ဒီအမှုကို စခန်းတွင်းက လူကြီးတွေက ငွေ ၁၂ သိန်း ယူပြီး ဖြေရှင်းပေးတယ်။ တစ်ဝက်ကို စခန်းတွင်းက လူကြီးတွေက ခွဲဝေယူတယ်။ ကျန်တစ်ဝက်ကို နစ်နာတဲ့ ဦးမောင်ကျော်လှတို့ မိသားစုကို ပေးပါတယ်။ စခန်းတာဝန်ခံ ဦးဘကျော်ဖြစ်ပါတယ်။ သူလည်း မူဆလင်ပါဘဲ” ဟု ၎င်းပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။

ယခုကဲ့သို့ ငွေပေးကျေအေးပြီး ဖြေရှင်းသည့် လုပ်ရပ်မှာ ကျူးလွန်ခံရသူ မိသားစုအတွက် နစ်နာစေရုံသာမက ကျူးလွန်သူမှ နောင်လည်းကျူးလွန်လာနိုင်သဖြင့် ဥပဒေနှင့် အညီ ဆောင်ရွက်သင့်သည်ဟု သူက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းမှူး တစ်ဦးသို့ မေးမြန်းရာ သူတို့အနေဖြင့် တိုင်ကြားမှုများ မရှိသဖြင့် သတင်းမရရှိသေးကြောင်း ပြောဆိုသည်။

Narinjara
https://www.facebook.com/Narinjara

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate