ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်မွေးနေ့ မီးပုံးပျံလွှတ်တင်သူ ဖမ်းဆီးခံရ
ကျောက်ဖြူမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ဇောက “မတရားအသင်းလို့ ကြေညာထားတာကို၊ အဲဒီမှာ Happy birthday General ဆိုပြီးတော့ မီးပုံးပျံလွှင့်တင်တယ်။ အဲ့ဒီမှာ ဓာတ်ပုံတွေကပ်တယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ ၁၇ (၁)နဲ့ ဖမ်းဆီးလိုက်တာပါ။ ၁၁ ရက်နေ့ ဖမ်းတာပါ။ အမှုဖွင့်ပြီးတော့ ဖမ်းဆီးလိုက်တာ”လို့ဒီဗွီဘီ ကိုပြောပါတယ်။
မတရားအသင်းအက်ဥပဒေပုဒ်မ၁၇ (၁) နဲ့ ဖမ်းဆီးတရားစွဲခံရသူမှာ
ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ ဦးလှထွန်းကျော် ဖြစ်ပြီး
လိပ်ခမော်ကျေးရွာနေမှာ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခဲ့တာလို့ ဒုရဲမှူး
ကျော်ဇောက ဒီဗွီဘီကိုပြောပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့က တပ်မတော်သားတွေ လိုက်ပါလာတဲ့ စက်လှေကို
ရက္ခိုင့်တပ်မတော် (အေအေ) က ပစ်ခတ်ခဲ့ကြောင်း အေအေဘက်က အတည်ပြုပြောဆိုပေမယ့်
အရပ်သား သေဆုံးဒဏ်ရာရမှုနဲ့ ပတ်သက်လို့တော့ တာဝန်ယူပြောဆိုခြင်း မရှိပါဘူး။တပ်မတော်နဲ့ အေအေ တို့အကြား နိုဝင်ဘာထဲမှာ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်အဖြစ် ချင်းလက်ဝကျေးရွာကို တိမ်းရှောင်လာသူ မိသားစု ၆၀ ကျော်၊ လူဦးရေ ၃ဝဝ ကျော် ရောက်ရှိနေပြီ ဖြစ်ပါတယ်။
သတင်း- ဝဏ္ဏခွာညို – ဓာတ်ပုံ လှထွန်းကျော်


0 comments:
Post a Comment