Saturday, 11 November 2017

ဘင်္ဂလာဒေ့ရှ်သို့ ထွက်ခွာနေကြသူများမှာ ၎င်းတို့နေရပ်ရင်းသို့ ပြန်သူများသာ ဖြစ်သည်ဟုဆို


နိရဉ္စရာ၊ နိုဝင်ဘာ ၁၁

ယခု မြန်မာနိုင်ငံ မောင်တောဘက်မှနေ ဘင်္ဂလာဒေ့ရှ်သို့ သွားနေကြသည့် ဘင်္ဂလီလူမျိုးများမှာ ၎င်းတို့၏ နေရပ်ရင်းသို့ ၎င်းတို့၏ ဆန္ဒအလျောက် ပြန်နေကြသူများသာဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။ နိရဉ္စရာ သတင်းဌာနမှ မောင်တောတောင်ပိုင်း အလယ်သံကျော်ပင်လယ်ကမ်းခြေတွင် ဘင်္ဂလီလူမျိုး ၄၀၀၀ ခန့် ဘင်္ဂလာဒေ့ရှ်သို့ ထွက်ခွာရန် စုရုံးရောက်ရှိနေခြင်းနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ဦးတင်မောင်ဆွေက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“ ထွက်ပြေးနေကြတာ မဟုတ်ပါဘူး။ ထွက်ပြေးတယ်ဆိုတာ ဒီကနေ လိုက်ထုတ်တယ်လို့ အဓိပ္ပါယ် ရပါတယ်။ သူတို့ကို ဘယ်သူကမှ လိုက်မထုတ်ဘူး။ အေးအေးဆေးဆေးနေလို့ရတယ်။ ဒါကို သူတို့က သွားနေကြတာဆိုတော့ ကျွန်တော်တို့ကတော့ သူတို့ရဲ့ နေရပ်ရင်းကို သူတို့ဆန္ဒနဲ့ သူတို့ ပြန်နေကြတာသာ ဖြစ်တယ်လို့ ပြောလိုပါတယ်။ ဒါကြောင့် နေရပ်ပြန်သူများလို့သာ သုံးစေလိုပါတယ်။ သူတို့က သူတို့ သဘောနဲ့ သူတို့ ကိုယ့်မူလ နေရပ်ကို ပြန်နေကြတာသာ ဖြစ်တဲ့ အတွက် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး မသွားနဲ့လို့ တားဆီးစရာ အကြောင်း မရှိပါ” ဟုသူက ပြောကြားသည်။

ယခုအခါ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်အနီးရှိ လေယာဉ်ကွင်း ကျေးရွာအနီးတွင် တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့ ထွက်ခွာသွားရန် စောင့်ဆိုင်းနေသူ ဘင်္ဂလီ လူမျိုး ၄၀၀၀ ခန့်ရှိနေသည်ဟု သိရသည်။

“ ကျွန်တော်တို့ သတင်းရတာက ဒီလ ၆ ရက်နေ့ကတည်းကနေ ဘူးသီးတောင်မြို့နယ် ကျောင်းတောင်၊ စိမ်းညှင်းပြား ဘင်္ဂလီရွာတွေက နေရပ်ပြန်လို လူပေါင်း ၄၀၀၀ လောက် ရောက်နေတယ်လို့ သိရပါတယ်။ ဟိုဘက်ကနေ စက်လှေ လာမယူတဲ့ အတွက် ဖောင်ဖွဲ့ ပြီး ထွက်သွားကြဖို့ လုပ်နေကြတယ်လို့ သတင်းရပါတယ်” ဟု ဦးတင်မောင်ဆွေက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ ယခု ရောက်ရှိလာသူ ဘင်္ဂလီများမှာ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းမှဟု သိရကြောင်း၊ ယခင်တစ်ရက်နှစ်ရက်ခန့်က လူပေါင်း ၄၀၀၀ ကျော်ရှိခဲ့ပြီး ယခုအခါ ရရာ စက်လှေများဖြင့် ထွက်ခွာနေကြသဖြင့် လူပေါင်း ၂၀၀၀ ကျော် ကျန်ရှိနေသေးသည်ဟု သိရကြောင်း၊ အလယ်သံကျော် လေယာဉ်ကွင်းဘင်္ဂလီရွာအနီး ပင်လယ်ကမ်းခြေတွင် တဲထိုးနေထိုင်နေကြသည်ဟု သိရှိရကြောင်း ပြောကြားသည်။

ယခုအချိန်ထိ တစ်ဖက်နိုင်ငံသို့ ထွက်ခွာရန် အုပ်စုလိုက် တစ်သုတ်ပြီး တစ်သုတ် အလယ်သံကျော် ပင်လယ် ကမ်းခြေသို့ ရောက်ရှိလာနေပြီး တစ်ဖက်နိုင်ငံသို့ မထွက်ခွာမီ ၎င်းတို့၏ လိုအပ်သည့် စားနပ်ရိက္ခာများကို ကမ္ဘာကြက်ခြေနီအဖွဲ့ အိုင်စီအာရ်စီမှ ထောက်ပံ့ပေးထားသည်ဟု အလယ်သံကျော် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate