Thursday, 11 January 2018

မိခင်မှ ပိုက်ဆံအိတ်ကျန်၍ ပြန်ယူခိုင်းလိုက်သော သမီးဖြစ်သူ၊ သားမယားပြု့ကျင့်ခံရ


ဇန္နဝါရီလ (၁၀)ရက်နေ့ နံနက်(၉)နာရီ အချိန်ခန့်တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ချောင်းဝကျေးရွာနေသူ၊ မ---- (၂၅)နှစ်သည်၊ မိခင်ဖြစ်သူနှင့်အတူ ၎င်းတို့လယ်တဲနေအိမ်မှ၊ ချောင်းဝကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့၊ စိုက်ပျိုးစရိတ်ချေးငွေကိစ္စနှင့် လာရောက်ခဲ့ရာ မိခင်ဖြစ်သူမှ ပိုက်ဆံအိတ် ၎င်းတို့တဲနေအိမ်တွင်၊ မေ့ကျန်၍၊ မိခင်မှ ပိုက်ဆံအိတ်ကျန်၍ ပြန်ယူခိုင်းလိုက်သော သမီးဖြစ်သူအား ဆိုင်ကယ်/ကယ်ရီမောင်းသမားက အတင်းအဓမ္မ သားမယားပြု့ကျင့် ခဲ့ရကြောင်း သိရပါသည်။

သမီးဖြစ်သူ မ ----- အား၊ လမ်းတွင်တွေ့ရတဲ့ တစ်ရွာတည်းနေ၊ ဆိုင်ကယ်/ကယ်ရီမောင်း ဇော်မင်းဦး (၂၄)နှစ်(ဘ)ဦးကြည်နိုင်၊ ချောင်းဝကျေးရွာ၊ ကျောက်တန်းမြို့နယ်နေသူနှင့် မေ့ကျန်ခဲ့ သော ပိုက်ဆံအိတ်အား၊ ပြန်ယူခိုင်းရာ၊ လယ်တဲနေအိမ်သို့ အရောက်တွင်၊ ဇော်မင်းဦးမှ တရား လို မ-----အား၊ နောက်မှပွေ့ဖက်ပြီး၊ တွန်းလှဲ၍၊ သားမယားအဖြစ်၊ တစ်ကြိမ်ပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

နောက် မ-----၏ မိဘများအား၊ ပြန်ပြောလျင်၊ သတ်ပြစ်မည်ဟု ခြိမ်းခြောက်ကာ၊ မိခင်ဖြစ်သူထံပြန်လည်လိုက်ပို့ပေးခဲ့သဖြင့်၊ မ----မှ၊ ၎င်းအား သားမယားပြု့ကျင့်ခဲ့သူ၊ ဇော်မင်းဦး(ဘ) ဦးကြည်နိုင်အား၊ ဥပဒေအရအရေးယူပေးပါရန်၊ ကျောက်တန်းမြို့မရဲစခန်းသို့ လာရောက်တိုင်ကြားသဖြင့်၊ တရားခံ ဇော်မင်းဦးအား ဖမ်းဆီး၍၊ ကျောက်တန်းမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဆွေမှ (ပ)၁၅ /၂၀၁၈၊ ပုဒ်မ-၃၇၆၊ အရ၊ အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

NoTwo Kyauktan

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate