Friday, 12 January 2018

ရမ်းဗြဲမှာ နိုင်ငံသားစိစစ်ရေးကိစ္စ ဆန္ဒပြ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က ဒေသခံတွေ ဆန္ဒပြစဉ်။ Photo: Than Maung Oo Facebook
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းက မွတ်စလင်တွေကို အစိုးရက နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ ဆောင်ရွက် ရာမှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ တိတိကျကျစိစစ်ပေးဖို့အတွက် ရမ်းဗြဲမြို့မှာ ဒေသခံ ၅၀၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို အချက်လေးချက်နဲ့ ဆောင်ရွက်တာလို့ ဆန္ဒပြပွဲကိုဦးဆောင်တဲ့ ဦးဖြူလုံး ကပြောပါတယ်။

"ကျောက်နီမော်ကျေးရွာအုပ်စုမှ ဘင်္ဂါလီများ ၈၂ ခု ဥပဒေနဲ့ သေချာစွာ စိစစ်ပေးရေး၊ ကိုဖီအာနန်၏ အကြံပေး ချက် အလိုမရှိ၊ နံပါတ် ၃ က နိုင်ငံခြားသား ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ရေးကဒ်ပြား လုပ်ပေးခြင်း အလိုမရှိ၊ နံပါတ် ၄ က ဘင်္ဂါလီများအား ကမန်လူမျိုးမဖြစ်စေရေး ဒီ ၄ ချက်နဲ့ ဆန္ဒပြတာပါ၊ အိမ်ထောင်စုစာရင်းတွေ ထုတ်ပေးနေတယ်၊ အဲဒါဆိုလို့ရှိရင် ကျနော်တို့ ဘင်္ဂါလီတွေ ကမန်တွေ အကုန်ဖြစ်သွားမယ့် အခြေအနေရှိ တယ်လို့ ပြည်သူကသံသယဖြစ်နေလို့ အဲဒါကြောင့် ဆန္ဒပြတာပါ"

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုမှာ မွတ်စလင်တွေကို အစိုးရက ပြီးခဲ့တဲ့အပတ်လောက်က စပြီး နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတာလို့ သိရပါတယ်။

အဲသည်လိုလုပ်ဆောင်ရာမှာ အိမ်ထောင်စုစာရင်းတွေမှာ ဘင်္ဂါလီလူမျိုးတွေကို ကမန်လူမျိုးအဖြစ် ထည့်သွင်း ထားတာကြောင့် အစိုးရရဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို သံသယဖြစ်ရပြီး ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ဥပဒေနဲ့အညီ တိတိကျကျစိစစ်ပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။

ရမ်းဗြဲမြို့နယ်အတွင်းမှာ မွတ်စလင် ၇၀၀၀ လောက်ရှိပြီး ကျောက်နီမော်ကျေးရွာအုပ်စုအတွင်းက ကျောက်နီမော်၊ ရွာသာယာ၊ ကျောက်ထရံ စတဲ့ ကျေးရွာသုံးရွာမှာ နေထိုင်ကြတာဖြစ်တယ်တယ်လို့ သိရပါတယ်။

RFA Burmese

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate