Tuesday, 1 May 2018

တရားမ၀င္ေရႊ႕ေျပာင္းျမန္မာလုပ္သား (၆)ဦးကို မယ္ဆိုင္ဘက္မွ တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ

ျမန္မာ - ထိုင္းနယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕သို႔ ဧၿပီလ၏ ေနာက္ဆံုးေန႔တြင္ ထုိင္းႏုိင္ငံအတြင္း တရားမဝင္ ေနထုိင္သည့္ ျမန္မာႏုိင္ငံသား စုစုေပါင္း (၆)ဦးအား လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။
လြႊဲေျပာင္းေပးလာမႈမ်ားတြင္ အဆိုပါ ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ားမွာ ၎တုိ႕ဆႏၵျဖင့္ ျပန္လာသူမ်ား မဟုတ္ၾကဘဲ ထုိင္းႏုိင္ငံတြင္ နယ္စပ္ျဖတ္သန္းခြင့္ သက္တမ္းလြန္ျခင္း၊ အေထာက္အထားမရွိဘဲ ေနထုိင္ျခင္း၊ အေထာက္အထားမရွိဘဲ အလုပ္ လုပ္ကိုင္ျခင္း စသည္တုိ႔ေၾကာင့္ ဖမ္းဆီးခံရၿပီး ထုိင္းႏုိင္ငံမွ ျမန္မာႏုိင္ငံသုိ႔ ျပန္လည္ေစလႊတ္ခဲ့သူမ်ားျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းဘက္မွ လႊဲေျပာင္းေပးလာရာတြင္ ျမန္မာႏိုင္ငံ တာခ်ီလိတ္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ လ၀က၊ လူကုန္တား၊ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ ( CNCMC ) ႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား ပါ၀င္ကာ စိစစ္လက္ခံၾကေၾကာင္း သိရသည္။
ျပန္လည္ လႊဲေျပာင္းလာသည္တြင္ ပါ၀င္သည့္ (၆)ဦးအနက္ တန္႔ယန္းၿမိဳ႕ေနသူ ကိုအုိက္ပီးမွာ က်န္းမာေရးခ်ဳိ႕ယြင္းေနသည့္ အတြက္ ေဆး၀ါးကုသမႈ ခံယူရန္လိုအပ္ေနသည့္ အေနအထားေၾကာင့္ CNCMC ေကာ္မတီ ႏွင့္ လူမႈေရးလုပ္ငန္းမ်ားတြင္ တြဲဖက္လုပ္ကိုင္ရာတြင္ ပါ၀င္သည့္ တာခ်ီလိတ္ၿမိဳ႕နယ္ ေဂၚရခါးလူမႈကူညီေရးအသင္းမွ ေဒါက္တာဂ်ီဝမ္း ( ေရႊစင္ၾကယ္ေဆးကုခန္း)က အခမဲ့ ေဆး၀ါး ကုသမႈေပးေၾကာင္း သိရသည္။
ထိုင္းဘက္မွ ျပန္လည္လႊဲေျပာင္းေပးလာရာတြင္ က်န္းမာေရးခ်ဳိ႕ယြင္းသူမ်ား ပါလာပါက ယခုလို ခ်ိတ္ဆက္ေပးကာ အခမဲ့ ေဆး၀ါးကုသမႈ ေပးေလ့ရွိေၾကာင္း CNCM ေကာ္မတီ၏ လုပ္ငန္း အေကာင္အထည္ ေဖ္ာေရး ဆပ္ေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္ထံက သိရသည္။
ထုိင္းႏုိင္ငံဖက္မွ တာခ်ီလိတ္ဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးအပ္လာခဲ့ေသာ တရားမဝင္ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားဦးေရမွာ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႕မွ ဧၿပီလ(၃၀)ရက္ေန႕အထိ စုစုေပါင္း အမ်ိဳးသား (၁၇၂)ဦးႏွင့္ အမ်ိဳးသမီး (၇၃)ဦး အျပင္ ကေလးငယ္(၇)ဦး စုစုေပါင္း (၂၅၂)ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။
ဓါတ္ပံု #CNCMC
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့သို့ ဧပြီလ၏ နောက်ဆုံးနေ့တွင် ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံသား စုစုပေါင်း (၆)ဦးအား လွှဲပြောင်းပေးလာကြောင်း သိရသည်။
လွှဲပြောင်းပေးလာမှုများတွင် အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမားများမှာ၎င်းတို့ဆန္ဒဖြင့် ပြန်လာသူများ မဟုတ်ကြဘဲ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်သန်းခွင့် သက်တမ်းလွန်ခြင်း၊ အထောက်အထားမရှိဘဲ နေထိုင်ခြင်း၊ အထောက်အထားမရှိဘဲ အလုပ် လုပ်ကိုင်ခြင်း စသည်တို့ကြောင့် ဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့သူများဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများအား ထိုင်းဘက်မှ လွှဲပြောင်းပေးလာရာတွင် မြန်မာနိုင်ငံ တာချီလိတ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ လူကုန်တား၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ ( CNCMC ) နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ကာ စိစစ်လက်ခံကြကြောင်း သိရသည်။
ပြန်လည် လွှဲပြောင်းလာသည်တွင် ပါဝင်သည့် (၆)ဦးအနက် တန့်ယန်းမြို့နေသူ ကိုအိုက်ပီးမှာ ကျန်းမာရေးချို့ယွင်းနေသည့် အတွက် ဆေးဝါးကုသမှု ခံယူရန်လိုအပ်နေသည့် အနေအထားကြောင့် CNCMC ကော်မတီ နှင့် လူမှုရေးလုပ်ငန်းများတွင် တွဲဖက်လုပ်ကိုင်ရာတွင် ပါဝင်သည့် တာချီလိတ်မြို့နယ် ဂေါ်ရခါးလူမှုကူညီရေးအသင်းမှ ဒေါက်တာဂျီဝမ်း ( ရွှေစင်ကြယ်ဆေးကုခန်း)က အခမဲ့ ဆေးဝါး ကုသမှုပေးကြောင်း သိရသည်။
ထိုင်းဘက်မှ ပြန်လည်လွှဲပြောင်းပေးလာရာတွင် ကျန်းမာရေးချို့ယွင်းသူများ ပါလာပါက ယခုလို ချိတ်ဆက်ပေးကာ အခမဲ့ ဆေးဝါးကုသမှု ပေးလေ့ရှိကြောင်း CNCM ကော်မတီ၏ လုပ်ငန်း အကောင်အထည် ဖော်ရေး ဆပ်ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်ထံက သိရသည်။
ထိုင်းနိုင်ငံဖက်မှ တာချီလိတ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်လာခဲ့သော တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေမှာ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဧပြီလ(၃၀)ရက်နေ့အထိ စုစုပေါင်း အမျိုးသား (၁၇၂)ဦးနှင့် အမျိုးသမီး (၇၃)ဦး အပြင် ကလေးငယ်(၇)ဦး စုစုပေါင်း (၂၅၂)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ #CNCMC
⊰❂ #TachileikNewsAgency

0 comments:

Post a Comment

Follow on Blogger

ရခိုင္ မ်ဳိးဆက္သစ္ လူငယ္မ်ား အစည္းအရံုး (ထိုင္းနိုင္ငံေရာက္ ျမန္မာ့ ေရႊ႕ေျပာင္းအလုပ္သမားမ်ားအား ထိုင္းဥပေဒႏွင့္အညီ အေထြေထြ ကူညီေပးေရး ေစတနာ့ဝန္ထမ္း ကြန္ယက္) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO ​

ထိုင္းျမန္မာတိုင္းရင္းေပါင္းေပါင္းစံုရိုးရာယဥ္ေက်းမႈမႈပြဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ္အမ်ားဆံုး

အုပ္စုအလိုက္ ပိုစ့္မ်ား

ဆရာေတာ္ အသွ်င္ဥတၱမ

http://www.agyo.org/2015/01/blog-post.html

ဆရာၾကီး ဦးသာထြန္း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက္ ပိုစ့္မ်ား

Translate