ရိုဟင်ဂျာပြန်ခေါ်ရေး ဆက်လက်ဖိအားပေးမယ်လို့ သြစတြေးလျ ပြောကြား
သြစတြေးလျ ဝန်ကြီးချုပ် Malcolm Turnbull မဲလ်ကမ် တန်းဘူးလ် က ဆစ်ဒနီမြို့ကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် sheik Hasina ရှိတ် ဟာစီနာနဲ့ စနေနေ့ ညနေက တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန်မာအစိုးရကို သူတို့နိုင်ငံက ဆက်လက်ဖိအားပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒီပြဿနာအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက လုပ်ကိုင်ဆောင်ရွက်နေတာတွေကို သြစတြေးလျနိုင်ငံက ထောက်ခံပြီး ဒုက္ခသည်စခန်းတွေကို အကူအညီတွေ ပိုမိုထောက်ပံ့မယ်လို့ ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။
ဒီအတောအတွင်း အာဆီယံညီလာခံက စနေနေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေ သူတို့နေရပ်ကို ဆန္ဒအလျှောက် လွတ်လပ်စွာနဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနေထိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/



0 comments:
Post a Comment