Wednesday, 16 May 2018

မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံရတဲ့ တိမ်ညိုရွာခံ ၃ဦး လွတ်မြောက်

 လွတ်မြောက်လာသူ ၃ ဦးအားတွေ့ရစဉ်။ Photo - ဒေါ်အေးနုစိန် facebook
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဦးဘိုဘိုမင်းသိုက် အသတ်ခံရတဲ့အမှုနဲ့ ဆက်နွယ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ တိမ်ညိုရွာခံ ၃ ဦးကို မြောက်ဦး မြို့နယ်တရားရုံးက ဒီနေ့ တရားသေ လွှတ်လိုက်ပါတယ်။

မြောက်ဦးမြို့နယ် တရားရုံးကို မြင်ရစဉ်/Photo: Min Thein Aung/RFA
တရားလိုပြသက်သေတွေကိုစစ်ဆေးပြီး နှစ်ဘက်လျှောက်လဲချက်တွေကိုကြားနာပြီးတဲ့နောက် စွဲချက်မတင်သင့်ဘူးဆိုပြီး တရားရုံးကအမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

ဒီနေ့လွတ်မြောက်လာတဲ့ တိမ်ညိုရွာခံသုံးဦးဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာ ဖြစ်ပါတယ်။

မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးဘိုဘိုမင်းသိုက်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကုန်က မြောက်ဦးမြို့ကနေ စစ်တွေမြို့ကိုလာရာလမ်းမှာ ကားပေါ်မှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး တိမ်ညိုကျေးရွာက ဦးကျော်မြင့်အပါအဝင်မိသားစု ၄ ဦးကို ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့ပြီး သူ့ရဲ့ထွက်ဆိုချက်အရ ဒီနေ့တရားရုံးက လွှတ်ပေးလိုက်တဲ့ အခြားနာမည်တူ ဦးကျော်မြင့် အပါအဝင်သုံးဦးဟာ AA ရက္ခိုင့်တပ်မတော်နဲ့ပတ်သက်နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ ဦးကျော်မြင့် အပါအဝင် မိသားစုဝင် ၄ ဦးကိုတော့ စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate