Wednesday, 23 May 2018

ပေါက်တောက ရွာ ၂၀ လောက် ရေရှားပါးနေ

ပေါက်တောမြို့နယ် ဖဒူချေကျေးရွာမှာ ရေခပ်ဖို့ စောင့်ဆိုင်းနေသူတွေကို တွေ့ရစဉ် / Photo: Kyaw Kyaw Lin's Facebook
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀ လောက်ဟာ လတ်တလောရေရှားပါး မှု ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရေရှားပါးမှုပြဿနာအတွက် ကျေးလက်ဒေသဖံွ့ဖြိုးမှုဦးစီးဌာနကို အကြောင်းကြားမှာဖြစ်သလို အစိုးရကိုလည်း တွန်းအားပေးသွားမယ်လို့ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး က ပြောပါတယ်။

ပေါက်တောမြို့နယ် တောင်ဘက်ပိုင်း ဖရုံကာကျွန်းသုံးကျွန်းထဲက ကြံခင်း၊ ငါးရီချိုင်၊ ငါးရပတ်ချိုင်၊ ဖဒူချေ၊ သဘောက်ချိုင် စတဲ့ ကျေးရွာပေါင်း ၂၀ လောက်မှာ ရေကန်တွေ ခန်းခြောက်နေတာကြောင့် သောက်သုံးရေ ရှားပါးမှုပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ဆိုပါတယ်။

ပေါက်တောမြို့နယ်မှာရှိတဲ့ ဖရုံကာကျွန်းသုံးကျွန်းထဲက ကျေးရွာတွေဟာနှစ်စဉ်ရေရှားပါးမှုပြဿနာနဲ့ ကြုံတွေ့နေ ရတာဖြစ်ပြီး တဖက်ပိတ်ဆည်တည်ဆောက်ပြီးရေပေးဝေဖို့ ပြည်နယ်အစိုးရကိုတင်ပြခဲ့ပေမယ့် ဒေသအနေ အထားအရ ဆည်တည်ဆောက်ဖို့မဖြစ်နိုင်ကြောင်း အစိုးရကပြန်လည်အကြောင်းပြန်ထားတယ်လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောပါတယ်။

လက်ရှိရေအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ကျေးရွာတွေကို အစိုးရဌာနဆိုင်ရာတွေဘက်က  ရေဖြန့်ဝေပေးတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate