Friday, 25 May 2018

ထိုင်းနိုင်ငံတွင် မြန်မာMOUလုပ်သားတစ်ဦးရေခဲသွားပို့စဉ် ကားချင်းတိုက်၍ ပွဲခြင်းပြီးသေဆုံးတစ်ဦးဒဏ်ရာပြင်းထန်


စူရတ်ဌာနီ မေ ၂၄

ထိုင်းတောင်ပိုင်းစူရတ်ဌာနီခရိုင်တွင် မေလ ၂၃ရက်နေ့ညပိုင်းက အလုပ်ချိန်အတွင်းရေခဲစက်ရုံမှရေခဲသွားပို့စဉ်ကားနှစ်စီးတိုက်မိပြီး MoUမြန်မာလုပ်သားနှစ်ဦးထိုင်းလူမျိုးတစ်ဦးပေါင်းသုံးဦးတွင်ထိုင်းလူမျိုးနှင့် မြန်မာမြန်မာတစ်ဦးဒဏ်ရာပြင်းထန်စွာရရှိပြီး မြန်မာတစ်ဦး ကားအောက်ပိမိကာနေရာတွင်သေဆုံးခဲ့ခြင်းဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ မြန်မာအလုပ်သမားသည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်ဝါးနက်ကုန်းကျေးရွာနေအဖဦးပွားအမိဒေါ်စန်းဌေး၏ သားမောင်စိုင်းမောင်မောင်အသက်(၂၀)နှစ်သည် အဆိုပါနေ့ညပိုင်းတွင် စူရတ်ဌာနီမြို့နယ် ကျက်ဝက်ဖက်သလွန်ရပ်ကွက်ရှိ ရေခဲစက်ရုံမှ အခြားနေရာတစ်ခုသို့စက်ရုံမှကားဖြင့် ရေခဲသွားရောက်ပို့ပေးစဉ်လမ်းတွင် ကားနှစ်စီးတိုက်မိရာမှ သေဆုံးခဲ့ခြင်းဖြစ်ပြီးသက်ဆိုင်ရာတာဝန်ယူ ပို့ဆောင်ထားသောအေဂျင်စီတာဝန်ရှိသူများမှ လာရောက်ကူညီ ပေးခြင်းမရှိသေးကြောင်းအဆိုပါယာဉ်တိုက်မှုနှင့်စပ်လျဉ်း၍ ထိုင်းအာဏာပိုင်တို့ မှလိုအပ်သည့်အရေးယူဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်းထိုင်းနိုင်ငံမှလာသည့်သတင်းများအရသိရသည်။

ကျော်စိုး (ကော့သောင်း)
Myanmaalinn

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate