Wednesday, 13 June 2018

တောင်ကုတ်မြို့နယ် မြို့တောင်နှင့် နန်းရွာကုန်းတွင် လေဆင်နှာမောင်းကျ၍ အိမ်ပေါင်း ၄၀ ကျော်ပျက်စီး


နိရဉ္စရာ၊ ဇွန် ၁၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမတိုက်နယ် မြို့တောင်ရွာနှင့် နန်းရွာကုန်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ နှစ်ရွာပေါင်း အိမ်ခြေ ၄၀ ကျော် ပျက်စီးသွားကြောင်း သတင်းရရှိသည်။

ရွာမရဲစခန်းမှ တပ်ကြပ်ဇော်ဇော်ထွန်းက “ မြို့တောင်နဲ့ နန်းရွာကုန်းမှာဖြစ်တာပါ။ လေဆင်နှာမောင်းတိုက်တာပေါ့ ။ မြို့တောင်မှာ အိမ် ၃၄ လုံးပျက်စီးတယ်။ ဘုန်းကြီးကျောင်းရယ်၊ ကျေးရွာဆေးပေးခန်း၊ စာသင်းကျောင်းတို့ပါ ပျက်စီးသွားပါတယ်။ စုစုပေါင်း ၃၇ လုံး” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

အလားတူ နန်းရွာကုန်းရွာတွင်လည်း ဓမ္မာရုံနဲ့ အိမ်နှစ်လုံး၊ ရေတွင်း တစ်ခု ပျက်စီးသွားခဲ့သည်ဟု သူက ဆက်လက် ပြောဆိုသည်။

၎င်းရွာနှစ်ရွာ၏ အဆောက်အဦးပျက်စီးမှုမှာ ၄၁ လုံးရှိကြောင်း သိရသည်။

“ ဒီကနေ့ နေ့လယ် ၂ နာရီလောက်မှာ ဖြစ်တာပါ။ လူတွေကတော့ နည်းနည်းပါး ဒဏ်ရာရတာတွေတော့ရှိပါတယ်။ အိမ်တွေကလည်း ခေါင်းမိုးလန်တာတော့၊ ပြိုပျက်တာတို့ ဖြစ်သွားတာပေါ့။ လူတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေရဲ့ အိမ်မှာနေထိုင်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

တောင်ကုတ်မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးမြသန်း ဦးဆောင်သည့် မီးသတ် တပ်ဖွဲ့ဝင် ၂၀ ခန့်နှင့် ရဲတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသူက ပြောကြားသည်။

Photo from Rakhine fire force
Narinjara
https://www.facebook.com/Narinjara

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate