ရခိုင်တွင် ၅ရက်အတွင်း မိုးကြိုးထိမှန်၍ လူ 5 ဦးသေဆုံး
![]() |
(ကြောက်မက်ဖွယ်ရာ မိုးကြိုးပစ်သည့် မြင်ကွင်းတစ်ခု) |
ရခိုင်ပြည်နယ်တွင် မိုးကြိုးထိမှန်၍ ၅ရက်အတွင်း မြို့နယ် ၃ ခုမှ လူ ၅ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူများမှာ ကျောက်တော်မြို့နယ်မှ တစ်ဦး၊ တောင်ကုတ်မြို့နယ်မှ တစ်ဦးနှင့် မြောက်ဦးမြို့နယ်မှ သုံးဦးတို့ဖြစ်ကြသည်။
ကျောက်တော်မြို့နယ် သံပြင်ကျေးရွာမှ ဦမောင်ထွန်းကြိုင် (၄၉) နှစ်သည် အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် လယ်ပြင်တွင် မြက်ရိတ်သွားရာမှ မိုးကြိုးထိမှန်သေဆုံးခဲ့သည်။
အပေါက်ဝကျေးရွာစခန်းမှူးက သေဆုံးကြောင်းကို အတည်ပြုပြီး အပေါက်ဝဆေးရုံတွင် ဆေးစစ်ရန် ယူဆောင်လာခဲ့ကြောင်း၊ ယခုသဂြိင်္ုလ်ရန် အလောင်းကို ရွာသို့ ပြန်လည် ယူဆောင်သွားခဲ့ပြီဖြစ်ကြောင်း ယနေ့နံနက်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
တောင်ကုတ်မြို့နယ်၊ တန်းလွဲတိုက်နယ်၊ ရွာမအုပ်စု၊ ရွာသစ်ကျေးရွာမှ စတုတ္ထတန်းကျောင်းသား မောင်ဝင်းဗိုလ်ဗိုလ်မြင့် (၁၁) နှစ်သည် စက်တင်ဘာ ၂၉ ရက်နေ့ ည ၆ နာရီခန့်က အိမ်တွင် မိသားစုနှင့် အတူရှိနေစဉ် မိုးကြိုးထိမှန်သေဆုံးသွားခဲ့သည်။
၎င်းပြင် သေဆုံးသူ မောင်ဝင်းဗိုလ်ဗိုလ်မြင့်၏ မိခင် ဒေါ်စိုးစိုးနွယ်(၃၆) နှစ် နှင့် ညီဖြစ်သူ မောင်ကောင်းခန့်လှိုင်( ၁၀) နှစ်တို့တွင်လည်း ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘာညို ကျေးရွာတွင်လည်း စက်တင်ဘာ ၅ ရက် ညနေ ၅ နာရီ ခွဲခန့် အချိန်က မိုးရွာ၍ အနီးအနားရှိ လယ်တဲကို ၀င်ပြေးရာမှ တဲထဲတွင် မိုးကြိုးပစ်ခံရ၍ လူ ၃ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူ သုံးဦးမှာ ဦးကျော်တင်ဝင်း(ဘ) ဦးအောင်ကျော်ဇော (၂၉) နှစ်၊ ဦးဘလိုင် (ဘ) ဦးစိန်သာလှ (၂၇) နှစ်နှင့် ဒေါ်ဆန်းမြရီ (ဘ) ဦးငိုကြူးအောင် (၂၅) နှစ်တို့ ဖြစ်ကြသည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက အတည်ပြု ပြောကြားသည်။
Narinjara
https://www.facebook.com/Narinjara
0 comments:
Post a Comment