Wednesday, 3 October 2018

သန့် ရှင်း ကာကွယ် စစ်ဆင်ရေးတွင် ထိုင်းမြန်မာနယ်စပ် တရားမ၀င်နေထိုင်နေသည့် မြန်မာနိုင်ငံသား တရာကျော်အဖမ်းခံရ

October 3,2018

ဒီကနေ့ နံနက် (၆)နာရီကစပြီး မဲဆောက်မြို့  မတ်ကစံ ရပ်ကွက်ကို ထိုင်း လ၀က၊ အမှတ် ၁၄ အထူးတပ်ဖွဲ့ ၊ အမှတ် ၃၃၆ နယ်ခြားစောင့်စစ်တပ်အပြင် ရဲနံ အလုပ်အကိုင်နေရာချထားရေး
အဖွဲ့ ဝင် ပါဝင်တဲ့ အင်အား ၁၀၀ နဲ့  ပိတ်ဆိုဖမ်းဆီးခဲ့တာပါ။

အဆိုပါရပ်ကွက်အတွင်းမှာနေထိုင်နေသူတွေတချို့ လည်း ထွက်ပြေး
ခဲ့ကြပါတယ်၊ ပြေးချိန်မရလို့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားပေါင်း ၁၃၃ ယောက်မှာ ကျား ၈၇ဦး မ ၃၀နဲ့  ခလေး ၁၆ ယောက်ဖြစ်ကြောင်းသိရပါတယ်။

ဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံသားတွေမှာ ၅၈ ဦးဟာ (၆)ရက်နေ့ ထိုင်
ခွင့်လက်မှတ်နဲ့  ၀င်လာပြီး သက်တမ်းကုန်ဆုံးသွာ သူတွေလို့  ဆိုပါ
တယ်။

ယခုဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံသားတွေကို အလုပ်သမားဥပဒေသစ်အရအရေးယူသွားမှာဖြစ်တယ်လို့  သန့် ရှင်း ကာကွယ် စစ်ဆင်ရေးကိုဦးဆောင်ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူးအသစ် Manatipatip (Big Man) မာနဖါထစ် (လူဝကြီး)ကပြောပါတယ်။

မဲဆောက်မြို့ နယ်အတွင်းမှာ မြန်မာနိုင်ငံသားတွေအများစုနေထိုင်နေတဲ့ ရပ်ကွက်တွေမှာ မှုခင်းတွေ များပြားလာနေတာ၊ လူကုန်ကူးမှုနဲ့  တရားမ၀င်နေထိုင်သူတွေ များပြားနေတာတွေကိုသန့် ရှင်းကာကွယ်
စစ်ဆင်ရေးနဲ့  ဆက်တိုက်လုပ်ဆောင်ပြီး ရှင်းလင်းသွားမှာဖြစ်ကြောင်းသိရပါ တယ်။

Credit; SAW






0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate