Thursday, 30 April 2015

UNICEF က လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ကူညီ

UNICEF ၏ထောက်ပံ့ပစ္စည်းများကို ကျောက်တော်သို့ပို့ဆောင်ရန် ကားပေါ်သို့တင်ဆောင် နေကြစဉ် ( ဓာတ်ပုံ - နိရဉ္စရာ)

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဧပြီ ၂၈
UNICEF ၏ထောက်ပံ့ပစ္စည်းများကို ကျောက်တော်သို့ပို့ဆောင်ရန်
ကားပေါ်သို့တင်ဆောင် နေကြစဉ် ( ဓာတ်ပုံ – နိရဉ္စရာ)
ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ဘေးတိမ်းရှောင်သူ ၅ဝဝ ကျော်အတွက် UNICEF က လူသုံးကုန်ပစ္စည်းများကို ယနေ့ ပေးပို့ကူညီလိုက်ကြောင်း စစ်တွေရှိ UNICEF ရုံးတာဝန်ခံ Yosi Burckhardt က အတည်ပြုပြောသည်။
“အခုကူညီတဲ့ပစ္စည်းတွေကတော့ အဝတ်အစား၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ စောင်တွေ၊ အိုးခွက် ပုကန်တွေပါပါတယ်။ နောက် တာပေါ်လင်စတွေနဲ့ ကြိုးတွေကိုလည်း ဆက်ပြီးပေးပို့သွားဖို့ အစီအစဉ် ရှိပါသေးတယ်။ အခုလို ကူညီပေးခွင့်ရတာကို ကျွန်မတို့ UNICEF အနေနဲ့ အခွင့်အရေး တစ်ခုလို့ ထင်မြင်မိပါတယ်”ဟု သူမက ဘာသာပြန်သူမှတဆင့် ပြောဆိုသည်။

UNICEF အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့မှလက်ခံရရှိသော စာရင်းအရ စစ်ဘေးရှောင်သူ အိမ်ထောင်စု ၁၁၅ စု(လူဦးရေ ၅၇၈ ဦး)အတွက် အဝတ်အထည်နှင့်အိမ်သုံးပစ္စည်း ၂၆ မျိုးပါ အထုပ်ပေါင်း ၁၁၅ ထုပ်ကို ဧပြီလ ၂၈ ရက်နေ့၊ နံနက်ပိုင်းမှစတင်ကာ စစ်ဘေးရှောင်သူများထံ ပေးပို့ လိုက်ပြီဖြစ်သည်။
“လတ်တလောရွှေ့ပြောင်းလာခဲ့ရတဲ့အတွက် သူတို့တွေမှာ ဘာမှ ပါမလာဘူးလေ။ ဒါကြောင့် သူတို့တွေလိုအပ်မယ့် အဝတ်အထည်၊ အိုးခွက်ပုကန်တွေကို အခုလို ဦးစားပေးကူညီပေးတာဖြစ်ပါ တယ်”ဟု စစ်တွေရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးမြင့်စိုးက နိရဉ္စရာသို့ပြောသည်။
အဆိုပါပစ္စည်းများကို UNICEF အနေဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ပေးပို့လိုက်ခြင်းလည်းဖြစ်သည်။
အဆိုပါစစ်ဘေးရှောင်ပြည်သူများမှာ ကျောက်တော်မြို့နယ်နှင့် ပလက်ဝနယ်စပ်အကြား ရခိုင် လက်နက်ကိုင်များနှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများပြင်းထန်နေမှုကြောင့် ယင်းအနီးရှိကျေးရွာ တချို့မှ ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်ကြသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate