Thursday, 30 April 2015

ရန်ကုန်တွင် တက်စီဒရိုင်ဘာနဲ့ အပေါင်းအပါက ရခိုင်အမျိုးသမီးထံမှ လက်ဝတ်ရတနာများကို လုယက်

crime



ရန်ကုန်၊ ဧပြီ ၃၀
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ ရန်ကုန်သို့ ပြန်လာသူ ရခိုင်အမျိုးသမီး တစ်ဦးထံမှ တက်စီဒရိုင်ဘာနှင့် အပေါင်းအပါတစ်ဦးတို့မှ သူမ ၀တ်လာသော လက်ဝတ်ရတနာများကို လုယူသွားသည်ဟု သိရသည်။
အလုခံရသည့် အမျိုးသမီးမှာ ရမ်းဗြဲမြို့နယ် အောင်လှပြင်ကျေးရွာမှ မချစ်စုထွေး (၃၂) နှစ် ဖြစ်ပြီး ဧပြီလ ၂၉ ရက်နေ့ နံနက် ၃ နာရီခွဲတွင် အောင်မင်္ဂလာ အဝေးပြေးကားဂိတ်မှ တက်စီ တစ်စီးဖြင့် ပြန်လာစဉ် လုယက်ခံခဲ့ရခြင်း ဖြစ်သည်။
သူမ အလုခံခဲ့ရပုံကို ကာယကံရှင် မချစ်စုထွေးက နိရဉ္စရာသို့ ယခုလို ပြောသည်။
“ ကျွန်မက ရမ်းဗြဲကနေ မြသစ္စာ အဝေးပြေးကားနဲ့ ပြန်လာပါတယ်။ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ကို သုံးနာရီကျော် ရောက်တော့ တက်စီ တစ်စီးနဲ့ ယုဇန ဥယာဉ်ကို ပြန်ပါတယ်။
ကားပေါ်မှာ လူတစ်ဦးကို ဒရိုင်ဘာက ခေါ်ယူလာပြီး တောင်ဒဂုံ ရှစ်ကွေ့ကို ရောက်တော့ ကျွန်မဆီက ပစ္စည်းတွေကို လုပါတယ်။ ပီးရင် ကျွန်မကို ချထားပြီး ကားထွက်သွားပါတယ်” ဟု ပြောဆိုသည်။
လုယက်ခံရသဖြင့် သူမ၀တ်ထားသော ဆွဲကြိုးတစ်ကုံး၊ လက်စွပ်တစ်ကွင်း၊ လက်ကိုင် တယ်လီဖုန်း တစ်လုံးတို့ ပါသွားသည်ဟု ဆိုသည်။ ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ငါးသိန်းကျော်သည်ဟု သိရသည်။
“ ကျွန်မက ဒီလို လုယက်ခံရတာကို တောင်ဒဂုံမှာရော၊ အောင်မင်္ဂလာ အဝေးပြေးကားဂိတ် ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပါတယ်။ စစ်ချက်တွေယူပြီး စစ်ဆေး ဖော်ထုတ်ပေးမယ်လို့ ရဲက ပြောပါတယ်” ဟု မချစ်စုထွေးက ပြောသည်။
သို့သော်လည်း ယနေ့ထိ တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate