Thursday, 30 April 2015

အပြစ်မဲ့ပြည် သူများအား ဥပဒေနှင့်အညီစောင့်ရှောက်ပေးရန် ရခိုင်အမျိုးသားပါတီက ကြေညာထုတ်

statement of anp
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဧပြီ ၂၉
ကျောက်တော်နှင့်ပလက်ဝနယ်စပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း အပြစ်မဲ့ပြည် သူများအား ဥပဒေနှင့်အညီစောင့်ရှောက်ပေးရန် ရခိုင်အမျိုးသားပါတီ(ANP)က ဧပြီလ ၂၉ ရက်နေ့ တွင် ကြေညာချက်ထုတ်၍တောင်းဆိုလိုက်သည်။
အဆိုပါကြေညာချက်တွင် ပြီးခဲ့သည့်မတ်လ ၂၉ ရက်နေ့မှစတင်ဖြစ်ပွားနေသည့်အဆိုပါတိုက်ပွဲ ကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များ၏ အတည်တကျနေထိုင်နိုင်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ စီးပွား ရေးဆိုင်ရာကိစ္စရပ်များအား အဆင်ပြေစွာဆောင်ရွက်နိုင်ရေးကို အစိုးရအနေအဖြင့် အဆောတလျင် စီစဉ်ပေးရန် ပါတီက တောင်းဆိုထားသည်။

“ကျွန်တော်တို့ရခိုင်ပြည်မှာ တိုက်ပွဲဖြစ်တဲ့အချိန်အခါမှာ ပြည်သူတွေဟာ အခက်အခဲအမျိုးမျိုး နဲ့ ဒုက္ခဖြစ်နေကြတယ်ပေါ့လေ။ အဲဒီဒုက္ခရောက်နေတဲ့သူတွေကို ပိုပြီးလုံခြုံမှုရှိစေချင်ပါတယ်။ တိုက်ပွဲ ဖြစ်ရင်လည်းဖြစ်ပေါ့လေ။ ပြည်သူတွေတော့ အခုလိုဒုက္ခမရောက်စေချင်ဘူး”ဟု ပါတီဒုတိယဥက္ကဋ္ဌ ဦးဖိုးမင်းက နိရဉ္စရာသို့ပြောသည်။
ဆက်လက်၍ အဆိုပါကြေညာချက်တွင် အပြစ်မဲ့ပြည်သူများကို သံသယနှင့်ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများရှိနေသဖြင့် ဒေသခံပြည်သူများ အထူးပင်စိုးရိမ်သောကရောက်နေကြောင်း သိရှိရ သည့်အတွက် ဒေသအာဏာပိုင်များအနေဖြင့် အပြစ်မဲ့ပြည်သူများအား ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်ပေးရန်လည်း ဖော်ပြထားသည်။
“အပြစ်မဲ့ပြည်သူတွေကို သံသယနဲ့ဖမ်းဆီးတယ်၊ နှိပ်စက်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒုက္ခရောက်နေတဲ့ပြည်သူတွေရှိတဲ့နေရာတွေဆီ ကွင်းဆင်း သွားရောက်ပြီးတော့မှ သူတို့တွေဆီကတဆင့်ကြားရပါတယ်”ဟု  ဦးဖိုးမင်းက ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေမှုကြောင့် အပြစ်မဲ့ပြည်သူများအနေဖြင့် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် အခက်အခဲများစွာကိုရင်ဆိုင်နေရသည်ကိုလည်း ပါတီအနေဖြင့် အလွန်ပင် စိုးရိမ်မိသည်ဟု ပါတီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းအပြင် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဒီမိုကရေစီအပြောင်းအလဲပိုမိုပီပြင်လာစေရေး အတွက် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းတွင် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပါဝင်နိုင်ရေးနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံရေးဆွေးနွေးမှုစားပွဲဝိုင်းဖြင့်အမြန်ဆုံး ဖြေရှင်းပေးကြရန်လည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate